FAရဲ့ အရေးယူမူခံရဖွယ်ရှိနေတဲ့ ၀ီဂန်အသင်းနဲ့ မန်ချက်စတာစီးတီး
မနေ့ညကယှဉ်ပြိုင်ကစားခဲ့ကျတဲ့ အက်အေဖ်ဖလားပွဲစဉ် ၀ီဂန်အသင်းနဲ့ မန်စီးတီးအသင်းတို့ပွဲမှာ ၀ီဂန်က ၁-၀ နဲ့အံအားသင့်ဖွယ်အနိုင်ရရှိခဲ့ပြီး အဆိုပါပွဲစဉ်မှာ ပြသနာများလည်းဖြစ်ခဲ့ပြီး အက်ဖ်အေကစုံစမ်းမှုတွေလုပ်ဖို့ပြင်ဆင်နေပြီလို့သိရပါတယ်။
ဒီပွဲမှာ နှစ်ဖက်နည်းပြတွေဖြစ်တဲ့ ပေါလ်ကွက်ခ်နဲ့ဂွာဒီယိုလာတို့ ကွင်းဘေးမှာရောဥမင်လမ်းထဲမှာပါအခြေအတင်ဖြစ်ခဲ့ကြပါတယ်။ ပွဲအပြီးမှာကွင်းထဲကထွက်လာတုန်းဝီဂန်ပရိသတ်တစ်ဦးနဲ့ပြဿနာဖြစ်ခဲ့သေးတဲ့ မန်စီးတီးတိုက်စစ်မှူး အဂူရိုဟာလည်းစုံစမ်းခံရဖို့ရှိနေပါတယ်။
အက်ဖ်အေဟာ ၀ီဂန်အသင်းပရိသတ်တွေ ကွင်းထဲဆင်းပြီးပြိုင်ဘက်ပရိသတ်တွေကိုရန်စတာတွေကိုရော၊မန်စီးတီးအသင်းပရိသတ်တွေက စင်ပေါ်ကပစ္စည်းတွေကိုဖျက်ဆီးတာတွေကိုပါစုံစမ်းပြီးအရေးယူမှုတွေပြုလုပ်သွားမှာဖြစ်တယ်လို့သိရပါတယ်။။
Mocha
#sport.thithtoolwin.com
Ref:sky sport
0 comments :
Post a Comment