ချဲလ်ဆီးအသင်းဟာ ဟာဇက်တစ်ဦးတည်းနဲ့ တည်ဆောက်ထားတာမဟုတ်ဘူးလို့ ပြောဆိုလိုက်တဲ့ ဘာစီလိုနာကွင်းလယ်လူ ရာကီတစ်
ယနေ့ညမှာယှဉ်ပြိုင်ကစားကျမယ့် ချဲလ်ဆီးအသင်းနဲ့ ဘာစီလိုနာအသင်းတို့ ချန်ပီယံလိဂ်ပထမအကျော့ပွဲစဉ်ကစားကျမှာဖြစ်ပါတယ်။ အဆိုပါပွဲစဉ်မတိုင်ခင် ဘာစီလိုနာအသင်းရဲ့ ကွင်းလယ်လူ ရာကီတစ်က ချဲလ်ဆီးအသင်းဟာ ဟာဇက်တစ်ဦးတည်းအပေါ် မှီခိုနေရသည့်အသင်းမဟုတ်ဘူးလို့ပြောဆိုလိုက်ပါတယ်။
ဘယ်လ်ဂျီယံကွင်းလယ်လူ ဟာဇက်မှာ နောက်ဆုံး ၆ ပွဲတွင် ၆ ဂိုးသွင်းယူပေးထားသော်ကြောင့် ဘာစီလိုနာထိတ်လန့်စရာဖြစ်သော်လည်း အခြားကစားသမားကို မမေ့ရန်လည်း ရာကီတစ်က သတိပေးခဲ့သည်။
ဘာစီလိုနာအသင်းမှာလည်း နောက်ဆုံး ၈ ပွဲဆက် ရှုံးပွဲမရှိသည့်အပြင် နောက်ဆုံး ၅ ပွဲတွင် ၄ ပွဲ ပေးဂိုးမရှိဘဲ ခံစစ်ပုံစံကောင်းရနေသည်။
Mocha
#sport.thithtoolwin.com
Ref:metro
0 comments :
Post a Comment