Powered by Blogger.

လာမယ့်ဘောလုံးရာသီမှာ မန်စီးတီးအသင်းကနေ ထွက်ခွာဖွယ်ရှိ တဲ့ အဂွဲရို



မန်ချက်စတာစီတီးအသင်းရဲ့ ဂန္ဓ၀င်တိုက်စစ်မှူးဖြစ်တဲ့ အဂွဲရိုဟာအသင်းမှာပွဲထွက်ကစားခွင့်ပုံမှန်မရရှိတဲ့ အပေါ် စိတ်တိုင်းမကျဖြစ်နေပြီး နည်းပြဂွါဒီယိုလာနဲ့ဆက်ဆံရေးအဆင်မပြေမှုဖြစ်နေတယ်လို့လည်းသိရပါတယ်။

 မန်စီးတီးအသင်းရဲ့သမိုင်းတလျှောက်ဂိုးအများဆုံးသွင်းသူအဖြစ် စံချိန်တင်ထားတဲ့အဂူရိုဟာ လာမယ့်နွေရာသီအပြောင်းအရွှေ့ကာလမှာ ထွက်ခွာဖို့ရှိနေတယ်လို့ သတင်းများထွက်ပေါ်လာပါတယ်။

 စပါးကို ၄-၁ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ လူစားလဲခံခဲ့ရပြီးနောက် အဂွဲရိုဟာ သူ့ရဲ့ဒေါသကိုမထိန်းနိုင်ဘဲ ကွင်းထဲသို့ လက်အိတ်တွေကို လွှင့်ပစ်ခဲ့ပါတယ်။

မန်စီတီးနည်းပြဂွါဒီယိုလာကတော့ တိုက်စစ်မှူးအဂူရိုနဲ့ဘာပြဿနာမှမရှိဘူးလို့ အတည်ပြုပြောကြားခဲ့ပြီး တိုက်စစ်မှူးအဂူရိုဟာ သူ့ရဲ့အစီအစဉ်မှာပါဝင်နေတာကြောင့် လာမယ့်ရာသီ အသင်းမှာသူဆက်ရှိနေမယ်လို့လည်း ဖွင့်ဟခဲ့ပါတယ်

Mocha

#sport.thithtoolwin.com

Ref: goal.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment