ချန်ပီယံလိဂ် ၁၆သင်းအဆင့်ပထမအကျော့ ဆီဗီလာနှင့်ပွဲမှာ ပြန်လည်ပါဝင်လာမယ့် မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူပေါ့ဘာ
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အဓိကကွင်းလယ်လူပေါ့ဘာဟာ တနင်္ဂနွေနေ့မှာ လေ့ကျင့်ခန်းဆင်းခဲ့ပြီးတဲ့နောက် ဗုဒ္ဓဟူးနေ့မှာ ဆီဗီလာနဲ့ကစားမယ့် ချန်ပီယံလိဂ်ပွဲကို ပါဝင်ကစားဖို့အဆင်သင့်ဖြစ်နေပြီလို့သိရပါတယ်။
ပြီးခဲ့တဲ့သောကြာနေ့က ဟက်ဒါစ်ဖီးလ်အသင်းနဲ့ နဲ့အက်ဖ်အေဖလားပွဲကို ပေါ့ဘာကစားမယ်လို့ နည်းပြမော်ရင်ဟိုအတည်ပြုခဲ့ပေမယ့် နောက်ပိုင်းမှာ ပေါ့ဘာဟာအဆိုပါပွဲကို လွဲချော်ခဲ့ပါတယ်။
မန်ယူရဲ့ကလပ်စံချိန်တင်ကစားသမားပေါ့ဘာဟာ အသင်းနောက်ဆုံးကစားခဲ့တဲ့ ၃ ပွဲမှာ ၂ ပွဲကိုလူစားလဲခံခဲ့ရပြီး ၁ ပွဲမှာ အရန်ခုံမှာထိုင်ခဲ့ရပြီးတဲ့နောက် သူ့အနာဂတ်ရေရာမှုမရှိဖြစ်နေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ အခုအခါမှာတော့ ဆီဗီလာနဲ့ကစားမယ့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပ-ကျော့ပွဲအတွက် အင်္ဂါနေ့မှာ မန်ယူအသင်းဖော်တွေနဲ့အတူ ပေါ့ဘာစပိန်ကို သွားရောက်မှာပဲဖြစ်ပါတယ်။
Mocha
Sport.thithtoolwin.com
Ref:goal
0 comments :
Post a Comment