ချန်ပီယံလိဂ်ဆုဖလားကြီးကို ဆွတ်ခူးဖို့ စိတ်အားထက်သန်နေတယ်ဆိုတဲ့ လီဗာပူးနောက်ခံလူလိုဗရန်
ပရီးမီးယာလိဂ်ထိပ်သီးကလပ် လီဗာပူးအသင်းဟာ ပြီးခဲ့တဲ့အပါတ်က ချန်ပီယံလိဂ် ၁၆သင်းအဆင့် ပထမအကျော့အဝေးကွင်းပွဲစဉ်မှာ ပေါ်တိုအသင်းကို ၅ ဂိုးပြတ်နဲ့အနိုင်ရရှိခဲ့ပြီးနောက် လီဗာပူးနောက်ခံလူ လိုဗရန်ဟာ အခုရာသီချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်မယ်လို့ ယုံကြည်ကြောင်းပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က ပေါ်တိုနဲ့ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပ-ကျော့ပွဲမှာ မာနေးရဲ့ဟက်ထရစ်ဂိုးအပါအ၀င် ဆာလက်၊ ဖာမီနိုတို့ရဲ့ဂိုးတွေနဲ့ လီဗာပူးအသင်း(၅)ဂိုးပြတ်အနိုင်ရခဲ့ပြီး နောက်တစ်ဆင့်တက်ဖို့သေချာသလောက်ဖြစ်နေပါတယ်။
ဒါကြောင့် လီဗာပူးအနေနဲ့ ချန်ပီယံလိဂ်ဖလားကို ၆ ကြိမ်မြောက်ဆွတ်ခူးနိုင်တယ်လို့ လိုဗရန်ကယုံကြည်နေပါတယ်။ ဒါပေမယ့် မန်စီးတီး၊ ရီးရဲလ်၊ ပီအက်စ်ဂျီတို့က အခုနှစ်ချန်ပီယံလိဂ်မှာဗိုလ်စွဲဖို့ပိုမိုရေပန်းစားနေပါတယ်။
Mocha
#sport.thithtoolwin.com
Ref:bbc
0 comments :
Post a Comment