လာလီဂါသမိုင်းတလျောက် သွင်းဂိုး ၆၀၀၀ပြည့်တဲ့ပထမဆုံးအသင်းဖြစ်လာတဲ့ ရီရဲလ်မက်ဒရစ်
စပိန်ထိပ်သီးကလပ် ရီးရဲမက်ဒရစ်အသင်းဟာ လာလီဂါသမိုင်းတလျှောက်သွင်းဂိုး ၆၀၀၀ ပြည့်ခဲ့တဲ့ပထမဆုံးအသင်းအဖြစ်မှတ်တမ်းဝင်သွားပြီလို့သိရပါတယ်။
ရီးရဲလ်မက်ဒရစ်အသင်းဟာ ဘက်တစ်အသင်းကို ၅-၃ဆိုတဲ့ရလဒ်နဲ့ ခက်ခက်ခဲခဲ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။အဆိုပါပွဲစဉ်မှာ ရီးရဲလ်အသင်းအတွက်အနိုင်ဂိုး ၃-၂ ဖြစ်စေမယ့် ဂိုးကို လူငယ်ကစားသမားလေး အဆန်စီယိုသွင်းယူခဲ့တဲ့ဂိုးဟာ လာလီဂါမှာ ဂိုး ၆၀၀၀ ပြည့်ဖြစ်ခဲ့ပါတယ်။
အဆန်စီယိုအတွက်ဒီပွဲမှာဒုတိယဂိုးလည်းဖြစ်ခဲ့ပါတယ်။ရီးရဲလ်အတွက် စီရော်နယ်ဒို ၊ရာမို့စ် ။ဘင်ဇီမာတို့ကဂိုးတွေထပ်သွင်းခဲ့ကြလို့ ပွဲအပြီးမှာတော့ရီးရဲလ်ဟာလာလီဂါမှာ ၆၀၀၂ ဂိုးအထိရရှိသွားခဲ့ပါတယ်။
Mocha
#sport.thithtoolwin.com
Ref: 442
0 comments :
Post a Comment