ချဲလ်ဆီးတိုက်စစ်ကစားသမား ၀ီလျံရဲ့ခြေစွမ်းကို ချီးကျူးခဲ့တဲ့ ဘာစီလိုနာနည်းပြဗယ်ဗာဒီ
မနေ့ညကယှဉ်ပြိုင်ကစားတဲ့ ချဲဆီးအသင်းနဲ့ဘာစီလိုနာအသင်းတို့၇ဲ့ ချန်ပီယံလိဂ် ၁၆သင်းအဆင့်ပထမအကျော့ပွဲစဉ်ဟာ ၁-၁ ဂိုးဆိုတဲ့ရလဒ်နဲ့သရေကျခဲ့တာဖြစ်ပြီး ဘာစီလိုနာအသင်းအတွက်နောက်တဆင့်တတ်ဖို့အဖိုးတန်အဝေးဂိုးတစ်ဂိုး၇ရှိသွားခဲ့တာဖြစ်ပါတယ်။
ဘာစီလိုနာအသင်းနည်းပြဗယ်ဗာဒီက အဆိုပါပွဲမှာခြေစွမ်းပြသွားတဲ့ ချဲလ်စစ်တိုက်စစ်ကစားသမား ၀ီလျံကိုချီးကျုးခဲ့ပြီး ၀ီလျံဟာပွဲချိန် ၆၂ မိနစ်မှာဟာဇက်ရဲ့ပေးပို့မှုကနေတစ်ဆင့်ဂိုးဧရိယာထိပ်ကနေလှပစွာကန်သွင်းယူခဲ့တာပါ။ဒီပွဲမှာသူ့ရဲ့ကန်ချက် ၂ ကြိမ်တိုင်ထိထွက်ခဲ့တာကလည်းချဲလ်ဆီးကိုနစ်နာစေခဲ့ပါတယ်။
ဘာစီလိုနာအတွက်ချေပဂိုးကိုတော့ အင်နီယေစတာရဲ့ပေးပို့မှုကနေတစ်ဆင့် မက်ဆီက ၇၅ မိနစ်မှာသွင်းယူပေးခဲ့တာပါ။ဒါဟာချဲလ်ဆီးနဲ့တွေ့တဲ့ ၉ ပွဲမြောက်ရောက်မှမက်ဆီဂိုးသွင်းနိုင်တာဖြစ်သလို ချဲလ်ဆီးဘကို ၇၂၉ မိနစ်ကြာဂိုးမသွင်းနိုင်သေးဘူးဆိုတဲ့မှတ်တမ်းဆိုးကိုချေဖျက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။
Mocha
#sport.thithtoolwin.com
Ref:daily mail
0 comments :
Post a Comment