Powered by Blogger.

မန်ယူအသင်းရဲ့ ဘယ်တောင်ပံတိုက်စစ်ကစားသမား ဆန်းချက်ဇ်ကို အဓိကထားထိန်းချုပ်ရမယ်လို့ပြောဆိုလိုက်တဲ့ ဆီဗီလာနည်းပြ မွန်တဲလား


ယနေ့ညမှာယှဉ်ပြိုင်ကစားမယ့် ဆီဗီလာအသင်းနဲ့မန်ချက်စတာယူနိုက်တက်အသင်းတို့ရဲ့ ပွဲစဉ်မတိုင်မှီ ဆီဗီလာနည်းပြမွန်တဲလားက အသင်းမှကစားသမားတွေအနေဖြင့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှ ကျော်ဖြတ်လိုပါက အလက်ဆစ်ဆန်းချက်ဇ်ကို အဓိကထားရပ်တန့်ဖို့ လိုအပ်ကြောင်း ပြောဆိုလိုက်ပါတယ်။

မန်ယူအသင်းဟာ ဒေးဗစ်မိုယက်စ်လက်ထက် မှ၂၀၁၄ ခုနှစ်နောက်ပိုင်း ချန်ပီယံလိဂ် ရှုံးထွက်အဆင့်ကို ပြန်ကစားရခြင်းဖြစ်ပြီး ဆီဗီလာမှာ ပြီးခဲ့သည့်နှစ်က ပရီးမီးယားလိဂ်ကလပ် လက်စတာနှင့်တွေ့ဆုံခဲ့ရာ ပြိုင်ပွဲမှထွက်ခဲ့ရတာဖြစ်ပါတယ်။

Mocha

#sport.thithtoolwin.com

Ref: telegraph
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment