ဂျရတ်ဟာ တစ်နေ့မှာ လီဗာပူးလ်နည်းပြဖြစ်လာနိုင်တယ်လို့ ယာဂန်ကလော့ပ်ပြောကြား
အသက် ၃၆ နှစ်အရွယ် လီဗာပူးလ်အသင်းခေါင်းဆောင်ဟောင်း ဂျရတ်ကတော့ လာမယ့် ဖေဖော်ဝါရီလမှာ လီဗာပူးလ်လူငယ်အသင်းကို နည်းပြအဖြစ် တာဝန်ယူကိုင်တွယ်သွားဖွယ်ရှိနေပါတယ်။ သူ့ရဲ့ ကစားသမားဘဝကုန်ဆုံးပြီးတာနဲ့ တန်းပြီး နည်းပြဘဝကို စတင်သွားမှာဖြစ်တဲ့ ဂျရတ်အတွက်တော့ လက်ရှိနည်းပြ ကလော့ပ်ကအားပေးစကားတွေ ပြောကြားခဲ့ပါတယ်။
“ကျွန်တော်ဂျရတ်နဲ့ စကားတွေအကြာကြီးပြောခဲ့ပါတယ်။ သူက လာမယ့်အနာဂတ်မှာ နည်းပြတစ်ယောက်ဖြစ်လာဖို့အတွက် ဆန္ဒရှိနေတယ်လို့ ပြောပါတယ်။ ကောင်းပါတယ်။ ဒါဟာ တကယ့်သတင်းကောင်းပါ။ သူကတော့ လီဗာပူးလ်အသင်းကို နည်းပြခွင့်ရတဲ့အထိ နည်းပြပညာရပ်တွေကို ဆည်းပူးဖို့ ခြေလှမ်းတွေလည်း အသင့်ဖြစ်နေပါပြီ” လို့ ကလော့ပ်က ပြောကြားခဲ့ပါတယ်။
“သူ့ရဲ့ ကစားသမားဘဝအတွေ့အကြုံနဲ့ သူဟာ နည်းပြဘဝအတွက် အနာဂတ်ကောင်းတစ်ခုကို တည်ဆောင်နိုင်မယ်ထင်ပါတယ်။ ဒါဟာ ဘောလုံးလောကရဲ့ အလှတရားတစ်ခုဖြစ်လာမှာပါ” လို့ ကလော့ပ်က ထပ်ပြီး ပြောသွားခဲ့ပါတယ်။
ဂျရတ်ဟာ ၁၉၉၈ ခုနှစ်မှာ လီဗာပူးလ်အသင်းအတွက် ပထမဆုံးပွဲထွက်ကစားခွင့်ရခဲ့ပြီး ၂၀၁၄-၂၀၁၅ ရာသီအထိ လီဗာပူးလ်တစ်သင်းထဲမှာပဲ အကောင်းဆုံး ပေးဆပ်ကစားခဲ့ပါတယ်။ လီဗာပူးလ်အသင်းနဲ့အတူ ချန်ပီယံလိဂ် ၊ ဥရောပစူပါဖလား ၊ အက်ဖ်အေဖလားနဲ့ လိဂ်ဖလားလို ဆုမျိုးတွေ ရရှိခဲ့ပေမယ့်လည်း ပရီးမီးယားလိဂ်ချန်ပီယံဆုကိုတော့ ရယူနိုင်ခဲ့ခြင်းမရှိပါဘူး။
လောလောလဆယ်တော့ ဂျရတ်ဟာ အယ်လ်အေဂလက်စီအသင်းမှာကစားနေရာကနေ အနားယူဖို့အတွက် ပြင်ဆင်နေပြီး ပရီးမီးယားလိဂ်မှာ နည်းပြဖြစ်လာနိုင်ဖို့အတွက် uefa ရဲ့ A လိုင်စင်နည်းပြသင်တန်းတက်ဖို့အတွက်လည်း ပြင်ဆင်လျက်ရှိနေတယ်လို့ သိရပါတယ်။ လီဗာပူးလ်အသင်ခေါင်းဆောင်ကနေ နည်းပြကြီးဂျရတ်ဖြစ်လာမလားဆိုတာကတော့…
( Mocha )
#sports.thithtoolwin.com
#သစ်ထူးလွင်(အားကစား)
Ref : BBC
0 comments :
Post a Comment