Powered by Blogger.

ဘယ်လ်ဂျီယံဘောလုံးအဖွဲ့ချုပ်ကရွေးချီးမြင့်တဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို အီဒင်ဟာဇက်ဆွတ်ခူး


ပရီးမီးယာလိဂ်ထိပ်သီးကလပ် ချဲလ်ဆီးအသင်းရဲ့ တောင်ပံကစားသမား ဟာဇက်ဟာ ဘယ်လ်ဂျီယံနိုင်ငံရဲ့ ၂၀၁၇ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကိုရရှိခဲ့တယ်လို့သိရပါတယ်။

အဆိုပါဆုဟာပြည်ပလိဂ်တွေမှာကစားနေတဲ့ဘယ်လ်ဂျီယံသားတွေကိုရွေးချယ်ပေးအပ်တဲ့ဆုဖြစ်ပြီး ဟာဇက်ကဒုတိယနေရာက ဒီဘရိုင်းကို ၁၁ မဲအသာရပြီးအကောင်းဆုံးအဖြစ်ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။တတိယနေရာမှာတော့ နာပိုလီကဒရိုင်မာတန်းစ်ရပ်တည်ခဲ့ပါတယ်။

ဒီဘရိုင်းဟာဒီရာသီမှာမန်စီးတီးအတွက်အထူးခြေစွမ်းပြပြီးပရီးမီးယားလိဂ်မှာ ၇ ဂိုးသွင်းကာ ၁၁ ဂိုးဖန်တီးပေးထားတဲ့သူပါ။ချဲလ်ဆီးဟာဒီနှစ်မှရုန်းကန်နေရပေမယ့် ဟာဇက်ရဲ့ခြေစွမ်းကတော့တောက်ပနေဆဲဖြစ်ပြီး ၉ ဂိုးအထိသွင်းယူပေးထားတဲ့သူဖြစ်ပါတယ်။

Mocha

#sport.thithtoolwin.com

Ref:
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment