Powered by Blogger.

မန်ယူရဲ့ ပေါင်သန်းလေးရာတန် စီမံကိန်း




မန်ယူအသင်းခေါ်ယူချင်နေတဲ့  Neymar , Ronaldo , Kane , Bale နဲ့ Muller တို့ အားလုံးရဲ့ စုစုပေါင်းတန်ကြေးဟာ ပေါင်သန်းလေးရာလောက်အထိ ရောက်ရှိနေပါတယ်။

မန်ယူအသင်းရဲ့ အဓိကပစ်မှတ်ဖြစ်တဲ့ ဘာစီလိုနာတိုက်စစ်မှူး Neymar ဟာဆိုရင်တော့ ပေါင် ၁၁၂ သန်းလောက် သုံးစွဲရမှာဖြစ်ပြီး ရီးရဲလ်အသင်းရဲ့ တိုက်စစ်မှူး Ronaldo ကို ခေါ်ယူချင်တယ်ဆိုရင်လည်း မန်ယူအသင်းဟာတော့ ပေါင် ၈၅ သန်းလောက်သုံးမှရမှာပါ။

တိုက်စစ်ကို ဂိုးသွင်းကောင်းတဲ့ တိုက်စစ်မှူးဖြစ်တဲ့ စပါးတိုက်စစ်မှူး Harry Kane ကိုလည်း မန်ယူက မျက်စိကျနေသေးပါတယ်။ ဒါ့ကြောင့် အကယ်လို့သာ မန်ယူအသင်းက Harry Kane ကို ခေါ်ယူချင်သေးရင်လည်း ပေါင် ၆၈ သန်းလောက် ပေးချေရဖွယ်ရှိပါတယ်။

မန်ယူနည်းပြ Van Gaal လိုချင်နေတဲ့ မြန်နှုန်းမြင့်ကစားသမားကို ခေါ်ယူအုံးမယ်ဆိုရင်တော့ မန်ယူက ပိုက်ဆံသုံးရပါလိမ့်မယ်။ မြန်နှုန်းမြင့်ကစားသမားဆိုတာကလည်း Bale အဆင့်လောက်ကို နည်းပြ Van Gaal က စိတ်ဝင်စားနေပါတယ်။ Bale ကိုတော့ ပေါင် ၇၅ သန်းလောက် ပေးရမှာဖြစ်ပြီး စာချုပ်လျော်ကြေးပါဝင်ရင်တော့ ဒီထက်မက ကုန်ကျနိုင်ပါတယ်။

ဘိုင်ယန်အသင်းက Muller ကို မန်ယူက ခေါ်ယူချင်ရင်တော့ ဘိုင်ယန်ရဲ့ အဖွင့်ဈေးအတိုင်းပေါင်သန်းငါးဆယ်လောက်ပေးရမှာပါ။ ဒါ့ကြောင့် မန်ယူအသင်းရဲ့ လူခေါ်ယူမှုစီမံကိန်းကတော့ ပေါင်သန်းလေးရာလောက်အထိရောက်ရှိနေခဲ့တာဖြစ်ပါတယ်။



Mocha

#sports.thithtoolwin.com


Ref : Goal.com


Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment