Powered by Blogger.

Ballon d'Or ဆုကိုရရှိအောင် ကြိုးစားသွားမယ်ဆိုတဲ့  ဟာရီကိန်း


   ဒီရာသီပရီးမီးယာလိဂ်ရဲ့ ဂိုးသွင်းအများဆုံးကစားသမားဖြစ်တဲ့ ရွှေဖိနပ်ဆုရှင် စပါးအသင်းရဲ့ တိုက်စစ်မူး    ဟာရီကိန်းက သူ့အနေနဲ့ အနာဂါတ်မှာ Ballon d'Orဆုကိုရရှိအောင်ကြိုးစားသွားမယ်လို့ ဆိုပါတယ်။Ballon d'Or ဆုကိုရီရဲလ်မတ်ဒရစ်အသင်းရဲ့ တိုက်စစ်မူး စီရော်နယ်ဒို နဲ့ ဘာစီလိုနာ စတား မက်စီတို့ သာ ကြီးစိုးနေမူကို အဆုံးသတ်အောင်ကြိုးစားသွားမယ်လို့ ဆိုပါတယ်။

 အင်္ဂလန်အသင်းရဲ့ တိုက်စစ်မူး ဟာရီကိန်းဟာ လာမယ့်စနေ နေ့မှာကစားမယ့် ကမ္ဘာဖလား ခြေစစ်ပွဲစဉ်မှာ စကော့တလန်အသင်းကို Hatrick သွင်းယူခြင်းတယ်လို့ ဆိုသွားပါတယ်။ဟာရီကိန်း ဒီရာသီ ပရီးမီးယာလိဂ်နှောင်းပိုင်း ပွဲစဉ်တွေမှာ ဒဏ်ရာပြသနာတွေနဲ့ ရုန်းကန်းခဲ့ ရပြီး ပွဲစဉ်ပြီးဆုံးခါနီး မှာခြေစွမ်းပြကစားကာသွင်းဂိုးများစွာသွင်းယူပြီးဂိုးသွင်းဘုရင်ဆုကိုအရယူခဲ့ ပါတယ် ။

"ကျွန်​​တော့်​အ​နေနဲ့ ခမ်းနားလှတဲ့ Ballon d'Or ဆုရယူနိုင်​ဖို့ ဘာ​တွေပဲလုပ်​ရလုပ်​ရ လုပ်​​ဆောင်​သွားမှာပါ။ ဒါဟာ ကျွန်​​တော့်​ရဲ့ ​သေချာ​ပေါက်​ ကြီးမားတဲ့ ရည်​ရွယ်​ချက်​ပါ ​ရော်​နယ်​ဒိုအ​နေနဲ့လည်း လာလီဂါနဲ့ ချန်​ပီယံလိဂ်​ရယူနိုင်​ခဲ့​တော့ သူ့အ​နေနဲ့ ဒီဆုကိုရယူနိုင်​လိမ့်​မယ်​။

 မက်​ဆီလည်း တူညီ​နေတဲ့ အ​နေအထားမျိုးပါပဲ။ ​ရွှေ​ဘောလုံးဆု ရယူဖို့ဆိုတာ တစ်​ဦးတစ်​​ယောက်​တည်းထက်​ အသင်းလိုက်​ ဆုဖလား​အောင်​မြင်​မှုနဲ့ သက်​ဆိုင်​ပါတယ်​။ အဲ့တာ​ကြောင့်​ ကျွန်​​တော့်​အ​နေနဲ့ စပါးနဲ့အတူ ​အောင်​မြင်​မှု​တွေရယူသွားနိုင်​ဖို့ ​မျှော်​လင့်​ထားပါတယ်​''လို့ ပြောသွားခဲ့ ပါတယ် ။


Mocha

#sport.thithtoolwin.com

Ref:daily mail
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment