ရော်နယ်ဒိုကို သက်တမ်းတိုးဖို့ အစီစဉ်မရှိသေးတဲ့ ရီရဲလ်ဥက္ကဌပီရက်ဇ်
ရီးရဲလ်မက်ဒရစ်ဥက္ကဋ္ဌ ပီရက်ဇ်သည် အသင်းတိုက်စစ်မှူး စီရော်နယ်ဒိုကို လက်ရှိအချိန်တွင် လုပ်ခလစာတိုးမြှင့်ပေးချေရန် အစီအစဉ် မရှိသေးဘူးလို့ပြောဆိုလိုက်ပါတယ်။ ဒါကြောင့် လာမည့်နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် ပေါ်တူဂီစူပါစတားစီရော်နယ်ဒိုမှာ ရီးရဲလ်မက်ဒရစ်ကို စွန့်ခွာ၍ အသင်းပြောင်းဖွယ်အခြေအနေများ ဖြစ်ပေါ်လာရန် နီးစပ်နေပြီဖြစ်ကြောင်း AS က ဖော်ပြထားတာတွေ့ရပါတယ်။
ပီရက်ဇ်သည် ချန်ပီယံလိဂ်ပြိုင်ပွဲ၌ ရီးရဲလ်မက်ဒရစ်အသင်း ၂ နှစ်ဆက် ချန်ပီယံဖြစ်ခဲ့အပြီးတွင် စီရော်နယ်ဒိုကို ခေါ်ယူတွေ့ဆုံ၍ လုပ်ခလစာတိုးမြှင့်ပေးမည်ဟု ကတိပြုခဲ့တာဖြစ်ပါတယ်။
ပီရက်ဇ်မှာ ယင်းကတိကို အကောင်အထည်ဖော်ရန် ပျက်ကွက်နေခြင်းကြောင့် စီရော်နယ်ဒိုနှင့် ရီးရဲလ်မက်ဒရစ်အသင်းအကြားတွင် ပုဂ္ဂိုလ်ရေးအဆင်မပြေမှုများရှိနေကြောင်း လွန်ခဲ့သည့်သီတင်းပတ်အနည်းငယ်ခန့်ကတည်းကပင် သတင်းများထွက်ပေါ်နေတာဖြစ်ပါတယ်။
Mocha
#sport.thithtoolwin.com
Ref: daily mail
0 comments :
Post a Comment