Powered by Blogger.

မန်စီးတီးအသင်းနဲ့ ၅ နှစ်သက်တမ်းရှိတဲ့ စာချုပ်သစ်ချုပ်ဆိုခဲ့တဲ့ ဒီဘရိုင်း



ပရီးမီးယာလိဂ်ထိပ်သီးကလပ် မန်စီးတီးအသင်းဟာ အသင်းရဲ့ ကွင်းလယ်မှာခြေစွမ်းပြပြီး ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးရပ်တည်နိုင်အောင်အဓိကစွမ်းဆောင်ပေးထားတဲ့ ဘယ်လ်ဂျီယံကွင်းလယ်ကစားသမား ကယ်ဗင်ဒီဘရိုင်းကို ၅နှစ်သက်တမ်းရှိမယ့်စာချုပ်သစ်ချုပ်ဆိုလိုက်တယ်လို့သိရပါတယ်။

မန်စီးတီးအသင်းကွင်းလယ်ဖန်တီးရှင် ဒီဘရိုင်းဟာအသင်းနဲ့တစ်ပတ်လစာပေါင် ၂၆၀၀၀၀ ရရှိမှာဖြစ်တယ်လို့သိရပါတယ်။ဒီရာသီမှာမန်စီးတီးအသင်းခြေစွမ်းပြနေရာမှာ အဓိကကျသူဖြစ်တဲ့ ဒီဘရူနီဟာ တစ်ပတ်လစာပေါင် ၂၀၀၀၀၀ နဲ့ပုံရိပ်အသုံးပြုခကနေပေါင် ၆၀၀၀၀ ရရှိမှာဖြစ်ပါတယ်။

အသက် ၂၆ နှစ်ရှိတဲ့ဘယ်လ်ဂျီယံလက်ရွေးစင်ဒီဘရူနီက“စာချုပ်သစ်လက်မှတ်ထိုးရလို့ကျွန်တော်အရမ်းကိုပျော်ပါတယ်။ဒီမှာဘဲဆက်နေချင်တယ်ဆိုတဲ့စကားကိုအရင်ကတည်းကကျွန်တော်ပြောခဲ့တာပါ။အခုဆိုရင် နိုင်ပွဲတွေရရုံတင်မကဘဲ အသင်းရဲ့ကစားပုံကလည်းကောင်းနေတဲ့အတွက် ဒီမှာရှိနေရတာကိုအရမ်းကျေနပ်ပါတယ်”လို့ပြောသွားပါတယ်။



အသက် ၃၂ နှစ်အရွယ်၇ှိတဲ့ ဖာနန်ဒင်ဟိုဟာ ပရီးမီးယားလိဂ်မှာ မန်စီးတီးအသင်း၁၈ ပွဲဆက်ရှုံးပွဲမရှိခဲ့မှုမှာအဓိကကနေရာကနေပါဝင်စွမ်းဆောင်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့်မန်စီးတီးအသင်းဟာ  ၎င်းတို့ရဲ့  ဘရာဇီးလ်ကွင်းလယ်လူ ဖာနန်ဒင်ဟိုအား ၂၀၂၀ ခုနှစ်အထိ  ၂ နှစ်စာချုပ်သက်တမ်းတိုးလိုက်တာဖြစ်တယ်လို့သိရပါတယ်။


Mocha

#sport.thithtoolwin.com

Ref: daily mail
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment