Powered by Blogger.

ငယ်စဉ်ကတည်းက အာဆင်နယ်အသင်းပရိတ်သတ်တယောက်ဖြစ်တယ်လို့ပြောဆိုခဲ့တဲ့ အမ်ခီတာယန်


မန်ချက်စတာယူနိုက်တက်ကစားသမားဟောင်း အာဆင်နယ်အသင်းကွင်းလယ်လူသစ် အမ်ခီတာယန်က အာဆင်နယ်အသင်းဟာ သူငယ်ငယ်ကတည်းကအာေးပးလာတဲ့အသင်းဖြစ်တယ်လို့ပြောဆိုလိုက်ပါတယ်။အမ်ခီတာယန်ဟာဆန်းချက်ဇ်နဲ့အလဲအထပ်လုပ်တဲ့အနေနဲ့အာဆင်နယ်အသင်းဆီကကိုရောက်လာခဲ့တာဖြစ်ပါတယ်။

အသက် ၂၉နှစ်ရှိတဲ့ ခီတာယန်က“ချာတိတ်ဘ၀ကတည်းကအားပေးတဲ့အသင်းကိုရောက်လာလို့ အရမ်းပျော်ရသလို ဂုဏ်လည်းယူရပါတယ်။

အာဆင်နယ်အတွက်ကစားဖို့အမြဲတမ်းအိပ်မက်ခဲ့ရတာဖြစ်လို့ အိပ်မက်တွေအမှန်တကယ်ဖြစ်လာတယ်လို့ဘဲပြောရမှာပါ”လို့ပြောသွားပါတယ်။

နည်းပြအာစင်ဝင်းဂါးက အမ်ခီတာယန်ဟာ ကမ္ဘာ့အဆင့်ကစားသမားဖြစ်ပြီး ထိပ်တန်းအဆင့်အတွေ့အကြုံလည်းအများကြီးပိုင်ဆိုင်ထားတဲ့သူလို့ပြောသွားပါတယ်။အာဆင်နယ်ဟာ ခီတာယန်ရဲ့ကျောနံပါတ်ကိုတော့ အခုချိန်အထိမထုတ်ပြန်သေးပါဘူး။


Mocha

#sport.thithtoolwin.com

Ref: bbc
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment