Powered by Blogger.

ပေါင်သန်း ၂၀ဖြင့် ဘီဘာအိုလ်ဂိုးသမား Kepa Arrizabalaga ကိုခေါ်ယူဖို့ သဘောတူမူရရှိခဲ့ပြီဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်


ရီးရဲလ်မက်ဒရစ် အသင်းဟာ ဇန်န၀ါရီ အပြောင်းအရွှေ့ ဈေးကွက် ဖွင့်လှစ်ချိန်မှာ ဘီဘာအိုလ် အသင်း ဂိုးသမား ဖြစ်သူ ကီပါကို ပြောင်းရွှေ့ကြေး ပေါင် သန်း ၂၀ ဖြင့် ခေါ်ယူနိုင်တော့မယ်လို့ စပိန် သတင်းမီ ဒီယာတွေက ဆိုပါတယ်။

အဆိုပါ ဂိုးသမား ဖြစ်သူဟာ ယခုရာသီမှာ ရုန်းကန် နေရ ပေမယ့် ယခုအချိန်မှာတော့ ရီးရဲလ်မက်ဒရစ် အသင်းမှာ သူ့ကို မြင်ရဖို့ အတွက် ရှိနေပါပြီ။ စပိန် သတင်းစာ ဖြစ်တဲ့ AS မှ ဆိုရာမှာတော့ ရီးရဲလ်မက်ဒရစ် အသင်းဟာ ကီပါကို ဘီဘာအိုလ် အသင်းက သတ်မှတ်ထားတဲ့ စာချုပ်တန်ကြေး ပေါင် သန်း ၂၀ အတိုင်းပေးပြီး ခေါ်ယူမှာ ဖြစ်ကြောင်းလည်း သိရပါတယ်။

 ကီပါဟာ ဘီဘာအိုလ် အသင်းမှာ စာချုပ် ကုန်ဆုံးနေပြီး ကလပ်အသင်းကလည်း သူ့ကို ယခုရာသီ အတွင်း ရောင်းထုတ်ဖို့ အတွက် အရန်ခုံမှာသာ ထားခဲ့တာပါ။ ဒီလို အနေအထားဟာ လာမယ့် ကမ္ဘာ့ဖလားမှာ စပိန် အသင်း အတွက် ပါဝင်ခွင့် ရလိုတဲ့ ကီပါရဲ့ မျှော်လင့်ချက် အတွက်တော့ အတားအဆီး တစ်ခု ဖြစ်နေပေမယ့် အခုအချိန်မှာတော့ ဒီဂိုးသမားကို ရီးရဲလ် မက်ဒရစ်က ကယ်တင်နိုင်တော့မယ်လို့ သတင်းများက ဆိုပါတယ်။

Mocha

#sport.thithtoolwin.com

Ref: daily mail

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment