Powered by Blogger.

ပြင်သစ်နိုင်ငံရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားအဖြစ် ရွေးချယ်ခံရတဲ့  ချဲလ်ဆီးကွင်းလယ်လူကန်တီ


ချဲလ်ဆီးအသင်းရဲ့ ပြင်သစ်လက်ရွေးစင်ကစားသမား အန်ဂိုလိုကန်တီဟာ ၂၀၁၇ ခုနှစ်ရဲ့  ပြင်သစ်နိုင်ငံ တစ်နှစ်တာ အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံရကြောင်း သိရပါတယ်။ ကန်တီဟာ  PSGအသင်း တိုက်စစ်မှူးအမ်ဘာပေကို ကျော်ဖြတ်ပြီး ရွေးချယ်ခံရတာ ဖြစ်ပြီး အင်္ဂါနေ့က ပြင်သစ် ဘောလုံး အဖွဲ့ချုပ်ကနေ ပေးအပ်တဲ့ ဆုကို ရရှိခဲ့တာ ဖြစ်ပါတယ်။

သူဟာ နောက်ဆုံး ဆန်ခါတင် အဆင့်မှာ ပြီးခဲ့တဲ့နှစ်က ရရှိခဲ့တဲ့ အက်သလက်တီကိုမက်ဒရစ် ကစားသမား ဂရစ်ဇ်မန်း အပြင် ရီးရဲလ်မက်ဒရစ် အသင်း တိုက်စစ်မှူး ဘန်ဇီမာတို့နဲ့လည်း အပြိုင် ဖြစ်ခဲ့ပါတယ်။

 လက်စတာစီးတီး၊ ချဲလ်ဆီး အသင်းတွေနဲ့ အတူ နောက်ဆုံး ၂ ရာသီမှာ ပရီးမီးယားလိဂ် ဖလားကို ၂ ကြိမ် ရရှိစေခဲ့တဲ့ ကန်တီဟာ လက်ရှိ ချဲလ်ဆီး အသင်းမှာလည်း အားထားနေရတဲ့ ကစားသမား တစ်ဦး အဖြစ် ရှိနေသူ ဖြစ်ပါတယ်။

Mocha

#sport.thithtoolwin.com

Ref: daily mail
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment