Powered by Blogger.

၂၀၁၇ခုနှစ်ရဲ့ ဥရောပအကောင်းဆုံး အားကစားသမားဆုကို ဆွတ်ခူးရရှိခဲ့တဲ့ စီရော်နယ်ဒို



ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ပေါ်တူဂီစတား စီရော်နယ်ဒိုဟာ၂၀၁၇ခုနှစ်ရဲ့ ဥရောပအကောင်းဆုံးအားကစားသမားဆုကို နာမည်ကြီးကစားသမား ဟာမီတန်ကိုကျော်ဖြတ်ပြီးရရှိခဲ့ပါတယ်။ရော်နယ်ဒိုဟာဒီဆုကို ၂၀၁၆ခုနှစ်တုန်းကလည်းရရှိခဲ့တာဖြစ်ပြီး ၂နှစ်ဆတ်ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။

 ရီးရဲလ်မက်ဒရစ်အသင်းရဲ့ တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ရာသီကရီးရဲလ်အသင်းဖလား ၅လုံးရရှိရာမှာ အဓိကနေရာကနေပါဝင်ခဲ့သူဖြစ်ပါတယ်။

ဒီဆုကို  ၁၉၅၈ခုနှစ်ကတည်းက စတင်ချီးမြှင့်ခဲ့တာပဲဖြစ်ပါတယ်။ စီရော်နယ်ဒိုဟာ ၁၅၉ မှတ်ရရှိခဲ့ပြီး ဖော်မြူလာဝမ်းကမ္ဘာ့ချန်ပီယံဟာမီတန်က  ၁၄၃ မှတ်၊ တင်းနစ်အကျော်အမော်တွေဖြစ်တဲ့ ဖက်ဒဲရားက  ၁၂၄ မှတ်နဲ့ ရာဖေးလ်နာဒယ်က ၁၁၃ မှတ်ရရှိခဲ့တယ်လို့သိရပါတယ်။

Mocha

#sport.thithtoolwin.com

Ref: goal

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment