Powered by Blogger.

El Clasico ပွဲကို ပါဝင်ဖို့မသေချာဖြစ်နေတဲ့ စီရော်နယ်ဒို

Ronaldo - Cropped

လာမယ့်စနေနေ့မှာယှဉ်ပြိုင်ကစားမယ့် El Clasico ပွဲဖြစ်တဲ့ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ဘာစီလိုနာအသင်းတို့ဟာ ဘာနေဗြူးကွင်းကြီးထဲမှာယှဉ်ပြိုင်ကစားကျမှာဖြစ်ပါတယ်။အဆိုပါပွဲမှာ ဘောလုံးပရိတ်သတ်များဟာနှစ်စဉ်နှစ်တိုင်းကမ္ဘာ့အကောင်းဆုံးဘောလုံးသမားနှစ်ယောက်ဖြစ်တဲ့ ရော်နယ်ဒိုနဲ့မက်ဆီတို့ရဲ့ အားပြိုင်မူကိုစောင့်ကြည့်အားပေးကျတာဖြစ်ပါတယ်။

သို့ပေမယ့် ရီးယဲလ်မက်ဒရစ်အသင်းရဲ့ တိုက်စစ်မှူးစီရော်နယ်ဒိုမှာ ဗုဒ္ဓဟူးနေ့လေ့ကျင့်ရေးအစီအစဉ်ကိုလွဲချော်သွားခဲ့ပြီးနောက် အယ်လ်ကလက်ဆီကိုနဲ့ပွဲကိုပါဝင်နိုင်ဖို့မသေချာတဲ့အခြေအနေနဲ့ရင်ဆိုင်နေရတယ်လို့သတင်းတွေထွက်ပေါ်သွားခဲ့ပါတယ်။ စီရော်နယ်ဒိုဟာ ဖီဖာကမ္ဘာ့ချန်ပီယံဖလားပွဲမှာ ခြေသလုံးဒဏ်ရာရရှိခဲ့တာကြောင့် ဗုဒ္ဓဟူးနေ့အထိလေ့ကျင့်ခန်းမဆင်းနိုင်ဘဲရှိနေခဲ့ပါတယ်။

ဒါပေမယ့် စီရော်နယ်ဒိုဟာ တစ်ဦးတည်သီးခြားလေ့ကျင့်ခန်းတွေကိုတော့လုပ်ဆောင်နေခဲ့ပါတယ်။ ရီးယဲလ်မက်ဒရစ်ဟာ ဘာစီလိုနာနဲ့ ၁၁မှတ်အထိကွာဟနေပြီး တစ်ပွဲလျော့အနေအထားနဲ့ ဘာနေဗျူးမှာ ဘာစီလိုနာကိုဧည့်ခံကစားရမှာဖြစ်ပါတယ်။

ဒါကြောင့်ရီးယဲလ်မက်ဒရစ်အသင်းအနေနဲ့ ဒီပွဲကိုအနိုင်ရမှာသာ လက်ရှိချန်ပီယံဘွဲ့ကိုဆက်လက်ကွာကွယ်နိုင်ဖို့မျှော်လင့်နိုင်မှာဖြစ်ပါတယ်

    Mocha

   #sport.thithtoolwin.com

    Ref: goal
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment