Powered by Blogger.

အ၀ါကဒ်ပြခံရမှု ၅ ကြိမ်ပြည့်တာကြောင့် အဲဗာတန်နဲ့ အဝေးကွင်းပွဲကိုလွဲချော်တော့မယ့် ချဲလ်ဆီးတိုက်စစ်မူးမိုရာတ





ချဲလ်ဆီးအသင်းရဲ့  အဓိကတိုက်စစ်မှူးဖြစ်တဲ့ မိုရာတာဟာ လာမယ့် စနေနေ့မှာကစားမယ့် အဲဗာတန်အသင်းနှင့် အဝေးကွင်း ပွဲစဉ်ကိုပွဲပယ် ပြစ်ဒဏ်ကြောင့် လွဲချော်တော့မှာ ဖြစ်တယ်လို့သိရပါတယ်။

စပိန်တိုက်စစ်မူးဟာ ဘုန်းမောက်အသင်းကို ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရခဲ့တဲ့ အိမ်ကွင်း Carabao Cup ကွာတားဖိုင်နယ် ပွဲစဉ်မှာ အသင်း အတွက် အနိုင်ဂိုး သွင်းယူပြီး ပြသခံရတဲ့ အ၀ါကဒ်ကြောင့် ယခုရာသီ အ၀ါကဒ် ပြခံရမှု ၅ ကြိမ် အထိ ရှိခဲ့လို့ အဲဗာတန်အသင်းနှင့် ပွဲစဉ်မှာ ချဲလ်ဆီးအသင်း အတွက် ပါဝင်ကာစားနိုင်တော့မှာ မဟုတ်ပါဘူး။

ချဲလ်ဆီး အသင်း နည်းပြ ကွန်တီကတော့ ယင်းအနေအထားဟာ သူတို့ အသင်း တိုက်စစ် အတွက် အကြီးမားဆုံးသော ထိုးနှက်ချက် တစ်ခု ဖြစ်ကြောင်း ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့ကြောင်းလည်း သိရပါတယ်။


 Mocha

 #sport.thithtoolwin.com

 Ref: the guardian
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment