Powered by Blogger.

ဟော့ဖန်ဟိန်းတိုက်စစ်မှူး ဆန်ဒရိုဝက်ဂ်နာကို ခေါ်ယူလိုက်တဲ့ ဘိုင်ယန်မြူနစ်




ဂျာမန်ထိပ်သီးကလပ်ဘိုင်ယန်မြူးနစ်အသင်းဟာ ဟော့ဖန်ဟိန်းအသင်းကနေ အသင်းရဲ့ကစားသမားဟောင်း ဂျာမနီလက်ရွေးစင်တိုက်စစ်မှူးဖြစ်တဲ့ ဆန်ဒရိုဝက်ဂ်နာကို ပေါင် ၁၃သန်းဖြင့်ပြန်လည်ခေါ်ယူ နိုင်ခဲ့ပြီဖြစ်တယ်လို့သိရပါတယ်။

ဆန်ဒရိုဝက်ဂ်နာဟာ ဘိုင်ယန်အသင်းနဲ့ ၂နှစ်ခွဲစာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပြီး လာမယ့်ဇန်န၀ါရီလ ၁ရက်နေ့တွင် ဘိုင်ယန်အသင်းရဲ့ တရားဝင်ကစားသမားဖြစ်လာတော့မှာဖြစ်ပါတယ်။

 ကစားသမားဟာ ဘိုင်ယန်လူငယ်စီမံကိန်းမှ ထွက်ပေါ်လာသူဖြစ်သော်လည်း အသင်း ကြီးတွင် ပွဲထွက်ခွင့်ရရှိရန် ရုန်းကန်ခဲ့ရပြီး စုစုပေါင်း ၄ပွဲသာကစားခွင့်ရရှိခဲ့ပြီးနောက် ၂၀၀၈ခုနှစ်က ဟော်ဖန်အသင်းသို့ ပြောင်းရွှေ့ခဲ့သူဖြစ်ကာ ဘိုင်ယန်က ယခုအခါပေါင် ၁၃ သန်းဖြင့် ပြန်လည် ခေါ်ယူခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။

 
 Mocha

 #sport.thithtoolwin.com

  Ref: goal

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment