El Clasico ပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်အသင်း အနိုင်ရလိမ့်မယ်လို့ ခန့်မှန်းပြောဆိုသွားတဲ့ PSG နည်းပြအမ်မရီ
လာမဲ့စနေနေ့ မြန်မာစံတော်ချိန် ညနေ၆နာရီ ၃၀မိနစ်မှာ ယှဉ်ပြိုင်ကစားကြမယ့် ရီးရဲလ်မက်ဒရစ်အသင်းနဲ့ဘာစီလိုနာအသင်းတို့ပွဲစဉ်ကို PSGအသင်းရဲ့ နည်းပြအူနိုင်းအမ်မရီက အိမ်ရှင်အားသာချက်ကြောင့် ရီးရဲလ်မက်ဒရစ်အသင်းအနိုင်ရယူသွားဖွယ်ရှိတယ်လို့ ခန့်မှန်းပြောဆိုလိုက်ပါတယ်။
အမ်မရီက"သူတို့နှစ်သင်းဟာ ယခုအချိန်မှာ အမှတ်တွေကွာဟနေပါတယ် ဒါပေမဲ့ စနေနေ့မှာ အနိုင်ရမဲ့အသင်းကိုရွေးရမယ်ဆိုရင် ရီးရဲလ်မက်ဒရစ်ကိုပဲ ရွေးရပါလိမ့်မယ်အိမ်ကွင်းအာသာချက်က အရေးကြီးပါတယ်
ချန်ပီယံလမ်းကြောင်းမှာ ဆက်ရှိနေဖို့ သူတို့ အနိုင်၃မှတ်ကိုလိုအပ်ပါတယ် "လို့ပြောဆိုခဲ့ပါတယ်။
ပီအက်ဂျီအသင်းဟာ ချန်ပီယံလိဂ်ရှုံးထွက်အဆင့်မှာ ရီးရဲလ်မက်ဒရစ်အသင်းနှင့် ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။ ။
Mocha
#sport.thithtoolwin.com
Ref: goal
0 comments :
Post a Comment