Powered by Blogger.

ဂါဘရီရယ်ဂျီးဆပ် ကို ၅နှစ်သက်တမ်းတိုး စာချုပ်သစ်ထပ်မံချုပ်ဆိုဖို့ပြင်ဆင်နေတဲ့ မန်ချက်စတာစီးတီး

Kevin De Bruyne Gabriel Jesus Manchester City

မန်စီးတီးအသင်းဟာ အသင်းအတွက်အားထားရတဲ့ ဘရာဇီးတိုက်စစ်မှူးလေး ဂါဘရီရယ်ဂျီးဆပ်ကို တစ်ပတ် လုပ်အားခ ပေါင် ၁ သိန်းနဲ့ ၅နှစ်စာချုပ်သစ် ချုပ်ဆိုတော့မယ်လို့ သိရပါတယ်။

 ပြီးခဲ့တဲ့ နှစ်က ဘရာဇီးကလပ် ပါးလ်မီးရက်စ် အသင်းကနေ ပြောင်းရွှေ့ကြေး ပေါင် ၂၇ သန်းဖြင့် ရောက်လာခဲ့တဲ့ အဆိုပါ ဘရာဇီး တိုက်စစ်မှူး ဖြစ်သူဟာ အခုအခါမှာတော့ မန်စီးတီး အသင်းမှာ ၂၀၂၃ ခုနှစ် အထိ ဆက်လက် ရှိနေမယ့် အခွင့်အရေးကို ပိုင်ဆိုင်နိုင်တော့မှာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ တစ်ပတ် လုပ်အားခ ပေါင် ၇ သောင်း ရရှိနေတဲ့ ဂျီးဆပ်ဟာ မန်စီးတီး အသင်း တိုက်စစ်မှာ အကောင်းဆုံး ခြေစွမ်းပြနေတဲ့ ကစားသမား တစ်ဦးလည်း ဖြစ်ပါတယ်။ သူဟာ မန်စီးတီး အသင်း အတွက်ကို ယခုရာသီမှာ ၁၀ ဂိုး သွင်းယူထားခဲ့ပေမယ့် နောက်ဆုံး ပြိုင်ပွဲ အရပ်ရပ် ၈ ပွဲမှာ ဂိုးပေါက် ပျောက်နေခဲ့တဲ့ ကစားသမား ဖြစ်ပါတယ်။
 
   Mocha

   #sport.thithtoolwin.com

    Ref:bbc




Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment