အသက် ၃၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကာကာဟာ မေဂျာလိဂ်ကလပ် အော်လန်ဒိုစီတီးအသင်းနဲ့ ပြီးခဲ့တဲ့အောက်တိုဘာလကုန်ပိုင်းက အသင်းနဲ့လမ်းခွဲခဲ့ပြီး ယခုသူ့ရဲ့အနာဂတ်အတွက် အချိန်ယူစဉ်းစားပြီးမှအခုလိုဆုံးဖြတ်လိုက်တာလို့ကာကာက ဆိုပါတယ်။
ဘရာဇီးအသင်းနဲ့အတူ ၂၀၀၂ ကမ္ဘာ့ဖလားဆွတ်ခူးခဲ့တဲ့ ကာကာဟာဘောလုံးသမားဘ၀ကနေလုံးဝအနားယူလိုက်ပြီဖြစ်ပါတယ်။
ဘရာဇီးအသင်းအတွက် ၉၂ ပွဲကစားပေးခဲ့တဲ့ ကာကာဟာ ကမ္ဘာ့ဖလား၊ ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်နဲ့ Ballon d'Or ၃မျိုးစလုံးကိုရရှိဘူးခဲ့တဲ့ ကစားသမား ၈ ဦးထဲမှာတစ်ဦးအပါအ၀င်ဖြစ်ခဲ့ပါတယ်။
ကာကာဟာ ကလပ်ကစားသမားဘ၀မှာ အေစီမီလန်နဲ့အတူအောင်မြင်မှုအရှိဆုံးအချိန်ကိုပိုင်ဆိုင်ခဲ့သူဖြစ်ပြီး သူ့ရဲ့အဆုံးသတ်၊ ဖန်တီးနိုင်စွမ်းနဲ့ ဘောလုံးနဲ့အတူလှည့်စားနိုင်စွမ်းတွေကြောင့် နာမည်ကျော်ကြားခဲ့သူဖြစ်ပါတယ်။
Mocha
#sport.thihtoolwin.com
Ref:
0 comments :
Post a Comment