ဘီဘီစီရဲ့တစ်နှစ်တာအတွင်း ထူးထူးခြားခြားစွမ်းဆောင်ပြတဲ့ အားကစားသမားတွေကို ရွေးချယ်ချီးမြင့်တဲ့ ဆုပေးပွဲကိုမနေ့ညက လီဗာပူးမြို့မှာကျင်းပခဲ့ပြီး လူငယ်ဆုကိုမန်စီးတီးအသင်းနဲ့အတူ ခြေစွမ်းပြနေတဲ့အင်္ဂလန်လူငယ် ဖီးလ်ဖိုဒန်ဆွတ်ခူးသွားတယ်လို့သိရပါတယ်။
ဖိုလ်ဒန်ဟာ အင်္ဂလန်ယူ ၁၇ အသင်းကမ္ဘာ့ဖလားမှာဗိုလ်စွဲခဲ့ရာမှာအဓိကကျသူဖြစ်ခဲ့ပြီး ပြိုင်ပွဲရဲ့အကောင်းဆုံးကစားသမားဆိုကိုလည်းရယူနိုင်ခဲ့သူဖြစ်ပါတယ်။
အသက် ၁၇ နှစ်သာရှိသေးတဲ့ ဖိုလ်ဒန်ဟာ မန်စီးတီးအသင်းကြီးမှာလည်းပွဲထွက်ကစားခဲ့ပြီး ချန်ပီယံလိဂ်မှာဝင်ကစားတဲ့အသက်အငယ်ဆုံးအင်္ဂလန်ကစားသမားအဖြစ်လည်းမှတ်တမ်းဝင်ထားသူဖြစ်ပါတယ်။ဒီဆုကို မန်ယူတိုက်စစ်မှူးဟောင်းဖြစ်တဲ့ ၀ိန်းရူနီလည်းရရှိခဲ့ဘူးပါတယ်။
Mocha
#sport.thihtoolwin.com
Ref:
0 comments :
Post a Comment