Powered by Blogger.

အဲ​ဗာတန်​အသင်းရဲ့ ဇွဲမလျော့တဲ့စိတ်​ဓာတ်​ကို ချီးကျူးခဲ့တဲ့ရွန်းနီ


အဲဗာတန်အသင်းရဲ့ တိုက်​စစ်​မှူးဝိန်ရွန်းနီဟာ အသင်းရဲ့စိတ်​ဓာတ်​အရည်​အ​သွေးတိုးတက်​လာမှုဟာဆွမ်​ဆီးအသင်းကိုအိမ်​ကွင်းမှာ​နောက်​က​နေလိုက်​ကစားခဲ့ပြီးအနိုင်​ယူနိုင်​ခဲ့တဲ့အဓိကအ​ကြောင်းရင်းလို့ဆိုလိုက်​ပါတယ်​။

အဲ​ဗာတန်​အသင်းဟာ ဆွမ်းဆီအသင်းရဲ့​ဦး​ဆောင်​ဂိုး​ကြောင့်​နောက်​က​နေလိုက်​ကစားခဲ့ရပြီးရွန်းနီဟာအဲ​ဗာတန်​အသင်းရရှိခဲ့တဲ့ပထမပင်​နယ်​တီကိုလွဲ​ချော်​ခဲ့​ပေမယ့်​လည်း ကလဲ​ဗတ်​လီဝန်​ နဲ့ ဆီဂတ်​ဆန်​တို့ဟာ​ချေပဂိုး အနိုင်​ဂိုး​တွေသွင်းယူခဲ့ပြီး တတိယ​မြောက်​ဂိုးကို​တော့ရွန်းနီကပင်​နယ်​တီက​နေသွင်းယူ​ပေးခဲ့ပါတယ်​။

ရွန်းနီဟာလက်​ရှိမှာ​တော့နည်းပြသစ် ​ဆမ်​အလာဒိုက်​လက်​​အောက်​မှာပုံစံ​ကောင်းရ​နေကာသွင်းဂိုး​တွေရရှိ​နေပြီးအဲ​ဗာတန်​ဟာဆိုရင်​လည်းအမှတ်​​ပေးဇယားရဲ့အဆင့်​ကိုး​နေရာကို​ရောက်​လာခဲ့ပါတယ်​။

Mocha

#sport.thihtoolwin.com

Ref: bbc
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment