Powered by Blogger.

ဂွါဒီယိုလာကို အသင်းမှာကာလရှည်ရှိနေစေဖို့ ပေါင်သန်း၁၀၀ တန်ကြေးရှိတဲ့ စာချုပ်သစ်ကမ်းလှမ်းဖို့ပြင်ဆင်နေတဲ့ မန်စီးတီး

Manchester City Pep Guardiola

ပရီးမီးယားလိဂ်အမှတ်ပေးဖလားပြိုင်ပွဲမှာ ပြိုင်ဘက်အသင်းကြီးအားလုံးကိုအနိုင်ယူကာ အမှတ်ပေးဇယားထိပ်ဆုံးမှာ ဒုတိယနေရာကမန်ယူအသင်းကို ၁၁မှတ်အသာဖြင့်ဦးဆောင်နေတဲ့ မန်စီးတီးအသင်းဟာ နည်းပြပတ်ဂွာဒီယိုလာရဲ့ စွမ်းဆောင်ရည်ကို သဘောကျနေပြီး အသင်းမှာကာလရှည်ရှိနေစေဖို့အတွက်လာမယ့်နွေရာသီမှာ ပေါင်သန်း ၁၀၀ တန်ကြေးရှိစာချုပ်သစ်ချုပ်ဆိုဖို့ နည်းပြဂွါဒီယိုလာကို ကမ်းလှမ်းသွားမယ်လို့သိရပါတယ်။

 မန်စီးတီးအသင်းဟာ ပရီးမီးယာလိဂ်မှာ မန်ယူအသင်းစိုးမိုးခဲ့သလိုမျိုးလုပ်ဆောင်နိုင်ဖို့ဆန္ဒရှိနေပါတယ်။ စပါးကိုအနိုင်ရရှိခဲ့ပြီး ပရီးမီးယားလိဂ် ၁၆ ပွဲဆက်နိုင်ပွဲစံချိန်နဲ့အတူ မန်စီးတီးဟာ အမှတ်ပေးဇယားထိပ်ဆုံးမှာ  ရပ်တည်နေပါတယ်။

နည်းပြဂွါဒီယိုလာရဲ့မန်စီးတီးအသင်းနဲ့စာချုပ်သက်တမ်းဟာ ၂၀၁၉ ခုနှစ်အထိကျန်ရှိနေပါသေးတယ်။ မန်စီးတီးအသင်းပိုင်ရှင်ရှိတ်မန်ဆော်ဟာ အသင်းနိုင်ပွဲတွေဆက်နေရုံသာမက အသင်းကစားဟန်ကိုလည်း ကျေနပ်လျက်ရှိနေတယ်လို့သိရပါတယ်။



Mocha

#sport.thihtoolwin.com

Ref: express
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment