Powered by Blogger.

ဒီဘရိုင်းကို ကာလရှည်သက်တမ်းတိုးဖို့ ပြင်ဆင်နေတဲ့ မန်စီးတီးအသင်း

 Kevin de Bruyne celebrates during Man City's win at Old Trafford

ယခုနှစ်ဘောလုံးရာသီမှာ အကောင်းဆုံးခြေစွမ်းတွေနဲ့ အသင်းကိုအမှတ်ပေးဇယားထိပ်ဆုံမှာရပ်တည်နိုင်အောင် စွမ်းဆောင်ထားတဲ့ ကွင်းလယ်လူဒီဘရိုင်းကို မန်စီးတီးအသင်းဟာ ကာလရှည်သက်တမ်းတိုးစာချုပ်ချုပ်ဆိုဖို့ပြင်ဆင်နေပြီ မကြာခင်စာချုပ်သစ်ချုပ်ဆိုဖွယ်ရှိနေပြီ စာချုပ်သက်တမ်းမှာ ၆နှစ်ရှိတယ်လို့ အင်္ဂလန်အခြေစိုက်သတင်းဌာနတွေကဖော်ပြခဲ့ကျပါတယ်။

ဒီဘရိုင်းဟာ ဒီရာသီမှာ ဗဟိုကွင်းလယ်ကစားသမားတစ်ယောက်အဖြစ်နေရာပြောင်းကစားခဲ့ရပေမယ့် ဂိုးဖန်တီးပေးမှုတွေနဲ့ခြေစွမ်းပြနေတာကြောင့် ပရိသတ်အနှစ်သက်ဆုံးကစားသမားအဖြစ်ရေပန်းစားနေခဲ့ပါတယ်။

ဒီရာသီမှာ သူ့ရဲ့ဇွဲလုံ့လရှိစွာအားထုတ်မှု၊ ဘောလုံးပေးပိုမှုစကေးမြင့်တက်လာမှုတွေက ဂွာဒီယိုလာရဲ့အသင်းကို ၁၁မှတ်အသာစီးရရှိစေတဲ့အဓိကအချက်တွေဖြစ်စေခဲ့ပါတယ်။ ဒါကြောင့်အသင်းက သူ့ကိုကာလရှည်သက်တမ်းတိုးစာချုပ်ချုပ်ဆိုဖို့စီစဉ်နေတာဖြစ်ပါတယ်။


Mocha

#sport.thihtoolwin.com


Ref: the sum

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment