Powered by Blogger.

ခရစ္စမတ်ကို အယ်လ်ကလက်ဆီကိုနိုင်ပွဲနဲ့ ပျော်ရွှင်စွာဖြတ်သန်းခြင်းတယ်လို့ပြောဆိုလိုက်တဲ့ မက်ဆီ



ဘာစီလိုနာတိုက်စစ်မှူး မက်ဆီဟာ လာမယ့်စနေနေ့မှာ ဘာနေဗျူးတွင်ကစားရမည့်အယ်လ်ကလက်ဆီကိုပွဲစဉ်တွင်အနိုင်ရမည်ဆိုပါက ပျော်ရွှင်စရာခရစ္စမတ် ဖြစ်လာလိမ့်မည်ဟုပြောဆိုသွားခဲ့သည်။

ဘာစီလိုနာအသင်းဟာ မဟာပြိုင်ဘက်ရီးယဲလ်မက်ဒရစ်ကို တစ်ပွဲအသာနှင့် ၁၁မှတ်ဖြတ်ထားနိုင်ပြီး ရီးယဲလ်မက်ဒရစ်ကိုအနိုင်ရမည်ဆိုပါက အမှတ်ကွာဟချက်ပိုမိုကြီးမားသွားစေမည့်အခွင့်အရေးကိုရရှိသွားမှာဖြစ်ပါတယ်။

အယ်လ်ကလက်ဆီကိုပွဲစဉ်က အမြဲလိုအကြိတ်အနယ်ရှိသည့်ပွဲစဉ်တစ်ပွဲဖြစ်ပြီး ၄င်းပွဲစဉ်၏အနိုင်ရလဒ်ကအလွန်ရေးပါသည်ဟုမက်ဆီကဆိုခဲ့သည်။ ဘာနေဗျူးတွင် အနိုင်ရလိုက်မည်ဆိုပါက ဘာစီလိုနာအသင်းအတွက်အလွန်အရေးပါစေမည့်အခွင့်အရေးကောင်းတစ်ရပ်ကိုရရှိစေမှာဖြစ်တာကြောင့် အနိုင်ရမည်ဆိုပါက အသင်းအတွက်ပျော်ရွှင်စရာခရစ္စမတ်ဖြစ်လာစေလိမ့်မည်လို့ပြောဆိုသွားခဲ့ပါတယ်။
Mocha

#sport.thihtoolwin.com

Ref: goal

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment