Powered by Blogger.

နောက်ခံလူအဲရစ်ဘိုင်လီရဲ့ခြေချင်းဝတ်ဒဏ်ရာဟာ ထင်ထားတာထက် ပိုမိုပြင်းထန်တယ်လို့ ပြောဆိုလိုက်တဲ့ မော်ရင်ဟို


Related image

မန်ယူအသင်းနည်းပြမော်ရင်ဟိုကနောက်ခံလူအဲရစ်ဘိုင်လီရဲ့ခြေချင်းဝတ်ဒဏ်ရာဟာထင်ထားထက်ပိုမိုပြင်းထန်ပြီး ခွဲစိတ်ကုသမူပြုလုပ်တော့မှာ ဖြစ်တယ်လို့ပြောဆိုလိုက်ပါတယ်။

ဘိုင်လီဟာပြီးခဲ့တဲ့နိုဝင်ဘာလဆန်းပိုင်းတုန်းက အိုင်ဗရီကို့စ်အသင်းအတွက်ကစားပေးစဉ်ဒီဒဏ်ရာရခဲ့တာဖြစ်ပြီး မန်ယူအသင်းအတွက် ၈ ပွဲအထိလွဲချော်ခဲ့ပြီးဖြစ်ပါတယ်။သူ့ဒဏ်ရာဟာပြင်းထန်လွန်းတဲ့အတွက်ခွဲစိတ်ရဖို့ရှိနေလို့ ရာသီကုန်ချိန်အထိတောင်နားရဖို့ရှိနေတာပါ။

ဘိုင်လီရဲ့ဒဏ်ရာကိုပုံမှန်အတိုင်ကုသပေးနေပေမယ့် အလုပ်မဖြစ်လို့ ခွဲစိတ်ရမယ့်လုပ်ငန်းစဉ်ကိုရွေးရတော့မယ်လို့လည်းမော်ရင်ဟိုကဆိုပါတယ်။ဒီအခြေအနေရှိနေပေမယ့် နောက်ခံလူတစ်ဦးထပ်ခေါ်မလားဆိုတာကိုတော့ မော်ရင်ဟိုကပြောမသွားပါဘူး။

Mocha

#sport.thihtoolwin.com

Source: bbc
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a comment