Powered by Blogger.

ချဲလ်ဆီးအသင်းရဲ့ တိုက်စစ်မူးတွေဖြစ်တဲ့ ဟာဇက်နဲ့မိုရာတာကို အဓိကသတိထားရမယ်လို့ ပြောဆိုလိုက်တဲ့ ဘာစီလိုနာနည်းပြဗယ်ဗာဒီ



ဘာစီလိုနာအသင်း ရဲ့နည်းပြဗယ်ဗာဒီက ချန်ပီယံလိဂ် ၁၆သင်းအဆင့်မှာတွေ့ဆုံနေတဲ့ ချဲလ်ဆီးအသင်းဟာ သူတို့ကိုဒုက္ခပေးနိုင်ပြီး အဓိကသတိထားရမယ့်သူတွေက ဟာဇက်နဲ့ရီးရဲလ်တိုက်စစ်မှူးဟောင်း မိုရာတာတို့ဖြစ်တယ်လို့ပြောဆိုလိုက်ပါတယ်။

ဘာစီလိုနာအသင်းနဲ့ ချဲလ်ဆီးအသင်းတို့ရဲ့ တွေ့ဆုံမူဟာ ၁၆ သင်းအဆင့်ရဲ့အခက်ခဲဆုံးပွဲတွေထဲကတစ်ခုဖြစ်လာမယ်လို့လည်း ထင်ကြေးပေးခံထားရပါတယ်။ဗယ်ဗာဒီက“ချဲလ်ဆီးဟာနည်းစနစ်ပိုင်းအရသိပ်ကောင်းတဲ့အပြင်ကြံခိုင်မှုလည်းသိပ်ကောင်းပါတယ်။

မိုရာတာနဲ့ဆိုရင်တိုက်စစ်ကိုလည်းအရှိန်မြှင့်တင်နိုင်တဲ့အပြင် ဟာဇက်ကလည်းတိုက်စစ်နဲ့ကွင်းလယ်ကြားမှာသိပ်ကောင်းတဲ့သူဖြစ်ပါတယ်။သူတို့ဟာသိပ်သန်မာတဲ့အသင်းလည်းဖြစ်လို့ ကျွန်တော်တို့အတွက်ခက်ခဲတဲ့တွေ့ဆုံမှုပါဘဲ”လို့ပြောသွားပါတယ်။

Mocha

#sport.thithtoolwin.com

Ref: bbc
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment