Powered by Blogger.

၂၀၁၇ခုနှစ် အာဖရိကအကောင်းဆုံးဆုကို ဆွတ်ခူးရရှိတဲ့ မိုဟာမက်ဆာလာ


လီဗာပူးအသင်းနဲ့အီဂျစ်လက်ရွေးစင်အသင်းတို့ရဲ့ အဓိကတိုက်စစ်မှူးဖြစ်တဲ့ မိုဟာမက်ဆာလာဟာ ဘီဘီစီသတင်းငှာနကပေးအပ်တဲ့ ၂၀၁၇ အာဖရိကအကောင်းဆုံးကစားသမားဆုကိုဆွတ်ခူးနိုင်ခဲ့တယ်လို့သိရပါတယ်။ဆာလာဟာအသင်းဖော်မာနေးကိုကျော်ဖြစ်ပြီးဒီဆုကိုရရှိနိုင်ခဲ့တာဖြစ်ပါတယ်။ဒီဆုကို ၂၀၁၆ခုနှစ်ကလတ်စတာတိုက်စစ်မူးမာရက်ဇ်ကဆွတ်ခူးခဲ့တာဖြစ်ပါတယ်။

အီဂျစ်လက်ရွေးစင်ကစားသမား ဆာလာဟာ ၂၀၁၇အာဖရိကဖလားမှာအီဂျစ်အသင်းဒုတိယရခဲ့မှု၊ ၂၀၁၈ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်မှုတွေမှာ အဓိကကျသူဖြစ်ခဲ့တဲ့အပြင် လီဗာပူးအတွက်လည်းခြေစွမ်းပြနေပြီး ပရီးမီးယားလိဂ်မှာ ၁၃ ဂိုးသွင်းကာ ဂိုးသွင်းအများဆုံးသူဖြစ်နေပါတယ်။

ဒါဟာသူ့အတွက်ဒီဆုကိုပထမဆုံးရရှိတာဖြစ်ပါတယ်။အခုလိုဆုရလို့အရမ်းပျော်တဲ့အပြင်နောက်နှစ်မှာလည်းထပ်မဲရရှိဖို့မျှော်လင့်တယ်လို့ ဆာလာကပြောဆိုသွားခဲ့ပါတယ်။



Mocha

#sport.thithtoolwin.com

Ref:goal
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment