Powered by Blogger.

BBC တိုက်စစ်အတွဲကို ပြန်လည်မြင်တွေ့ ချင်နေတဲ့ စီရော်နယ်ဒို


ရီးရဲလ်မက်ဒရစ်အသင်းရဲ့ တိုက်စစ်မှူးစီရော်နယ်ဒိုကအသင်းရဲ့  BBCတိုက်စစ်အတွဲကိုပြန်လည်မြင်တွေ့ချင်ပြီတွဲဖက်ကစားလိုကြောင်းပြောဆိုသွားခဲ့ပါတယ်။

အန်ဆယ်လော့တီလက်ထက်မှာနာမည်ကြီးခဲ့တဲ့ ရီးရဲလ်မက်ဒရစ်အသင်းရဲ တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ဘန်ဇီမာ၊ဘေးလ်နဲ့စီရော်နယ်ဒိုတို့တိုက်စစ်အတွဲကို BBC လို့တင်စားကြတာဖြစ်ပြီး ဒီရာသီမှာ ဒဏ်ရာပြဿနာတွေကြောင့် BBCတိုက်စစ်တွဲကိုမမြင်တွေ့ခဲ့ရပါဘူး။

စီရော်နယ်ဒိုက“ဘင်ဇီမာနဲ့ဘေးလ်တို့မကစားနိုင်လည်းအသင်းကပြည့်စုံနေတာပါ၊သူတို့တွေဟာဒဏ်ရာကြောင့် တစ်လှည့်စီကစားရသလိုဖြစ်နေပါတယ်။အားလုံးအတူပြန်ကစားနိုင်ရင်တော့သိပ်ကောင်းမှာပေါ့ဗျာ”လို့ပြောသွားပါတယ်။

ရီးရဲလ်အသင်းဟာ အယ်ဂျာဇီယာအသင်းကို ကလပ်ကမ္ဘာ့ဖလားဆီးမီးဖိုင်နယ်မှာ ၂-၁ ဆိုတဲ့ရလဒ်နဲ့အနိုင်ရရှိပြီး ဗိုလ်လုပွဲကိုတတ်ရောက်သွားခဲ့ပြီဖြစ်ပါတယ်။

ရီရဲလ်မက်ဒရစ်အသင်းဟာလာမယ့်စနေနေ့မှာ ကလပ်ကမ္ဘာ့ဖလားဗိုလ်လုပွဲအဖြစ်ဘရားဇီးကလပ် ဂရီမီယိုအသင်းနဲ့ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။



  Mocha

  #sport.thithtoolwin.com

 Ref: bbc

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment