Powered by Blogger.

ကမ္ဘာ့ဖလားချန်ပီယံဆု ကိုကာကွယ်နိုင်ခဲ့ပါက ဆုကြေးငွေယူရို ၃၅၀၀၀၀ ရရှိမယ့် ဂျာမနီကစားသမားများ


၂၀၁၄ကမ္ဘာဖလားချန်ပီယံ ဂျာမနီအသင်းဟာ ရုရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ၂၀၁၈ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ လက်ရှိ ချန်ပီယံဆုကို ကာကွယ်နိုင်ခဲ့ပါက အသင်းမှကစားသမား တစ်ဦးချင်းစီ အပိုဆုကြေး ယူရို ၃၅၀၀၀၀ ရရှိမယ်လို့ သိရပါတယ်။

ဂျာမနီ အသင်း နည်းပြ ဂျိုအာချင်လို အနေဖြင့် လက်ရှိ အသင်း လူစာရင်းမှာ လူငယ်ခြေတက် ကစားသမားတွေကို အားသစ်လောင်းပြီး ၁၉၆၂ ခုနှစ် ဘရာဇီး အသင်း နောက်ပိုင်း ကမ္ဘာ့ဖလား ချန်ပီယံဆုကို ပထမဆုံး အကြိမ် နှစ်ကြိမ်ဆက်တိုက် ရယူဖို့ အတွက် မျှော်လင့်နေတာ ဖြစ်ပါတယ်။

တကယ်လို့ ၂၀၁၈ ကမ္ဘာ့ဖလားမှာ ဂျာမနီ အသင်း အနေဖြင့် ဒုတိယနှင့် တတိယ ရရှိခဲ့ရင်တောင်မှ ဆုကြေးများ ချီးမြှင့်ခံမှာ ဖြစ်သလို ပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ် သို့မဟုတ် ဆီမီးဖိုင်နယ် အထိ တက်ရောက်နိုင်ခဲ့ရင်လည်း ဆုကြေးငွေများ ချီးမြှင့်ပေးသွားမှာ ဖြစ်ကြောင်း ဂျာမနီ ဘောလုံး အဖွဲ့ချုပ်က အတည်ပြု သတင်းထုတ်ပြန်ပါတယ်။

Mocha

#sport.thithtoolwin.com

Ref: goal
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment