Powered by Blogger.

စီရော်နယ်ဒို ရဲ့နောက်ထပ် စံချိန်တစ်ခု


ရီးရဲလ်မက်ဒရစ်တိုက်စစ်မှုးစီရော်နယ်ဒိုဟာ ဖီဖာကမ္ဘာ့ကလပ်ဖလားပြိုင်ပွဲသမိုင်းတစ်လျှောက် သွင်းဂိုးအများ ဆုံးကစားသမားအဖြစ် စံချိန်သစ်တစ်ခုထပ်မံရရှိခဲ့ပါတယ်။

မနေ့ညကယှဉ်ပြိုင်ကစားသွားတဲ့ ဖီဖာကမ္ဘာ့ကလပ်ဖလားဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ရီးရဲလ်မက်ဒရစ်အသင်းနဲ့ UAE ကလပ် အယ်ဂျာစီယာ အသင်းတို့ယှဉ်ပြိုင်ကစားခဲ့ပြီး ရီးရဲလ်မက်ဒရစ်အသင်းက ၂-၁ ဂိုးနဲ့အနိုင်ရရှိခဲ့ပါတယ်။ရီးရဲလ်အသင်းအတွက် ဂိုးတွေကိုတော့ ရော်နယ်ဒိုနဲ့ ဂါရက်ဘေးလ်တို့ကသွင်းယူပေးခဲ့ပါတယ်။

 ယခုပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်အသင်းအတွက်သွင်းဂိုး ၁ဂိုးသွင်းယူပေးခဲ့တဲ့ တိုက်စစ်မှုးစီရော်နယ်ဒိုဟာ ဖီဖာကမ္ဘာ့ကလပ် ဖလားပြိုင်ပွဲသမိုင်းတစ်လျှောက် သွင်းဂိုး ၆) ဂိုးအထိသွင်းယူနိုင်ခဲ့တဲ့ ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

 ယခင်က ဖီဖာကမ္ဘာ့ကလပ်ဖလားပြိုင်ပွဲမှာသွင်းဂိုးအများဆုံးသွင်းယူထားတဲ့ ကစားသမားတွေအဖြစ် မက်ဆီ၊ ဆွာရက်ဇ်၊ စီရော်နယ်ဒိုတို့ (၃)ဦး ပူးတွဲရပ်တည်နေခဲ့ရာမှ ယခုအခါမှာစီရော်နယ်ဒိုက မက်ဆီနဲ့ဆွာရက်ဇ်တို့ကို ကျော်ဖြတ်ပြီး ပြိုင်ပွဲသမိုင်းတစ်လျှောက်သွင်းဂိုးအများဆုံး တိုက်စစ်မှုးအဖြစ်ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။

Mocha

#sport.thithtoolwin.com

Ref: daily mail
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment