Powered by Blogger.
အာဆင်နယ်ကွင်းလယ်လူ ၀ီရှိုင်းယားကို ခေါ်ယူဖို့ ပြင်ဆင်နေတဲ့ ဝက်စ်ဟမ်း
ပရီးမီယာလိဂ်မှာရလဒ်တွေဆိုးဝါးနေတဲ့ ၀က်စ်ဟမ်းအသင်းဟာ လက်ရှိလူစာရင်းကိုထပ်မံအားဖြည့်လိုနေပြီး အာဆင်နယ်အသင်းမှာပွဲထွက်ခွင့်ပျောက်ဆုံးနေတဲ့ ကွင်းလယ်လူ ၀ီရှိုင်းယားကို လာမယ့်ဇန်န၀ါရီအပြောင်းအရွှေ့မှာ အရခေါ်ယူဖို့  ပြင်ဆင်နေတယ်လို့ သိရပါတယ်။
ဝီရှိုင်းယားဟာ ပြီးခဲ့တဲ့ ရာသီကလည်း ဘုန်းမောက် အသင်းမှာ အဌားကစားခဲ့ရပြီး ယခုရာသီ အာဆင်နယ် အသင်းနှင့် အတူ ယူရိုပါလိဂ် ပွဲစဉ်တွေမှာ ကစားခွင့် ရရှိပေမယ့် လာမယ့် ၂၀၁၈ ကမ္ဘာ့ဖလားမှာ နည်းပြ ဆောက်ဂိတ် ကိုင်တွယ်မယ့် အင်္ဂလန် အသင်း အတွက် ကစားခွင့် ရဖို့ အတွက်ဆိုရင်တော့ ကလပ်အသင်း ပုံမှန် ပွဲထွက်ခွင့်တွေ ရရှိဖို့ လိုအပ်နေတာဖြစ်ပါတယ်။
Mocha
#sport.thithtoolwin.com
Ref: sky sport
Share on Google Plus
About Staff Writer
သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment
0 comments :
Post a Comment