Powered by Blogger.

ဒန်နီရို့စ်ကို ခေါ်ယူနိုင်မယ်လို့ ယုံကြည်နေတဲ့ မန်ချက်စတာယူနိုက်တက်


မန်ယူအသင်း နည်းပြမော်ရင်ဟိုက ၎င်းတို့ အသင်းအနေဖြင့် စပါး အသင်း နောက်ခံလူ ဒန်နီရို့စ်ကို ပြောင်းရွှေ့ကြေး ပေါင် သန်း ၅၀ ဖြင့် အရခေါ်ယူနိုင်မယ်လို့ ယုံကြည်နေပါတယ်။

အဆိုပါ ကစားသမားကို မန်ယူ အသင်း နည်းပြ မော်ရင်ဟို အနေဖြင့် အသင်း အတွက် လာမယ့် ဇန်န၀ါရီ သို့မဟုတ် လာမယ့် နွေရာသီ ဈေးကွက်မှာ ခေါ်ယူဖို့ အတွက် ရည်မှန်းထားတာ ဖြစ်ပါတယ်။

အဆိုပါ ခံစစ်မှူးကို မန်ယူအသင်း အနေဖြင့် ပြီးခဲ့တဲ့ ရာသီက ခေါ်ယူဖို့ အတွက် ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။  အဆိုပါအချိန်တုန်းကဒန်နီရို့စ်ဟာ ကာလရှည် ဒူးဒဏ်ရာကနေ ပြန်လည် သက်သာဖို့ ကြိုးစားနေရဆဲ ဖြစ်သလို စပါး အသင်း နည်းပြ ပိုချက်တီနိုကလည်း နောက်ခံလူ ကိုင်လီဝေါ်ကာကို မန်စီးတီး အသင်းထံ ရောင်းလိုက်လို့ ဒန်နီရို့စ် အတွက် မန်ယူ အသင်း ကမ်းလှမ်းမှုကို ငြင်းဆိုခဲ့တာ ဖြစ်တယ်လို့သိရပါတယ်။

Mocha

#sport.thithtoolwin.com

Ref: goal
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment