Powered by Blogger.

Ballon d'Or ဆုကို ၅ကြိမ်မြောက် ဆွတ်ခူးခဲ့တဲ့ စီရော်နယ်ဒို


နာမည်ကြီးပြင်သစ်ဘောလုံးမဂ္ဂဇင်းကရွေးချယ်ချီးမြင့်တဲ့ 2017 ခုနှစ်အတွက် အကောင်းဆုံးဘောလုံးသမားဆု Ballon d’Or ဆုကို ရီးရဲလ်မက်ဒရစ်အသင်းရဲ့ တိုက်စစ်မူးခရစ်စတီယာနိုရော်နယ်ဒိုက ဘာစီလိုနာတိုက်စစ်မူး လီယွန်နယ်မက်ဆီကို ကျော်ဖြတ်ကာ ဆွတ်ခူးရရှိသွားပါတယ်။

 ရော်နယ်ဒိုဟာ မက်ဆီနှင့်နေမာတို့ ကို ဖြတ်ကျော်ပြီးရရှိခဲ့တာဖြစ်ပြီး သူ့အတွက် ၅ ကြိမ်မြောက် ရရှိခဲ့ခြင်းဖြစ်ကာ ဘာစီလိုနာစတား မက်ဆီနှင့် အကြိမ်အရေအတွက်တူညီသွားပါတယ်။

 ရော်နယ်ဒိုက ၂၀၀၈ ၊၂၀၁၃ ၊၂၀၁၄ ၊၂၀၁၆ ၊၂၀၁၇ တို့ မှာ ဆွတ်ခူးရရှိပြီး Ballon d'Or ဆုကို ၅ကြိမ်မြောက်ထိရရှိခဲ့ပြီး ပြိုင်ဘက်လီယွန်နယ်မက်ဆီကိုလိုက်မှီခဲ့ပြီဖြစ်ပါတယ်။ ရော်နယ်ဒိုနဲ့မက်ဆီဟာ Ballon d'Or ဆုကို ဆယ်စုနှစ်တစ်ခုကြာအောင်လွမ်းမိုးထားနိုင်ခဲ့တာဖြစ်ပါတယ်။

Mocha

#sport.thithtoolwin.com

Ref: goal
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment