Powered by Blogger.

မန်ချက်စတာဒါဘီမှာ ကွင်းလယ်ဒိုင် အဖြစ် ဆောင်ရွက်မယ့် မိုက်ကယ်အိုလီဗာ


 လာမယ့်တနင်္ဂနွေနေ့မှာ ပြိုင်ဆိုင်မူပြင်းထန်တဲ့ ပရီးမီးယာလိဂ်ပြိုင်ပွဲရဲ့ အမှတ်ပေးဇယားကိုဦးဆောင်နေတဲ့ ထိပ်သီးအသင်းနှစ်သင်းဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ မန်ချက်စတာစီးတီးအသင်းတို့ဟာ ယူနိုက်တက်အသင်းရဲ့အိမ်ကွင်း အိုးလ်ထရက်ဖို့ဒ်ကွင်းမှာ ယှဉ်ပြိုင်ကစားမှာဖြစ်ပါတယ်။

အဆိုပါ မန်ချက်စတာဒါဘီ ပွဲစဉ်ကို ကွင်းလယ်ဒိုင် အဖြစ် မိုက်ကယ်အိုလီဗာက တာဝန်ယူ ကိုင်တွယ်မှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ဒိုင်ဖြစ်သူဟာ ပြီးခဲ့တဲ့ ရာသီက မန်ယူ အသင်းနှင့် ချဲလ်ဆီး အသင်းတို့ ကစားခဲ့တဲ့ FA ဖလား ကွာတားဖိုင်နယ် ပွဲစဉ်မှာ မန်ယူ အသင်း ကွင်းလယ်လူ ဟာရဲရားကို ထုတ်ပယ်ခဲ့ခြင်းနှင့် ပတ်သက်ပြီး မန်ယူအသင်း နည်းပြ မော်ရင်ဟိုရဲ့  ဝေဖန်ခြင်းကို ခံခဲ့ရသူ ဖြစ်ပါတယ်။

ယင်းပွဲစဉ်မှာ မန်ယူ အသင်းက ချဲလ်ဆီး အသင်းကို အဝေးကွင်းမှာ တစ်ဂိုး ဂိုးမရှိဖြင့် ရှုံးခဲ့တာ ဖြစ်ပြီး မန်ယူ အသင်း နည်းပြ မော်ရင်ဟိုက ဟာရဲရားကို နှစ်ဝါတစ်နီဖြင့် ထုတ်ပယ်ခဲ့တဲ့ မိုက်ကယ်အိုလီဗာကို ရှေ့အလား တိုးတက်မယ့် ဒိုင်လူကြီး အဖြစ် ဝေဖန်တိုက်ခိုက် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

မိုက်ကယ်အိုလီဗာဟာ ၂၀၁၄ ခုနှစ်က အီတီဟက်ကွင်းမှာ ကစားခဲ့တဲ့ မန်ချက်စတာဒါဘီ ပွဲစဉ်ကိုလည်း ကိုင်တွယ်ခဲ့ဖူးသလို သူ့ရဲ့ ဆုံးဖြတ်ချက် အတော်များများဖြင့် ဝေဖန်ခြင်း ခံခဲ့ရသူ ဖြစ်ပါတယ်။

Mocha

#sport.thithtoolwin.com

Ref: goal
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment