Powered by Blogger.

ဒုတိယအကြိမ် ဖျက်ဆီးခံရတဲ့ မက်ဆီရဲ့ရုပ်တု


အာဂျင်တီးနားနိုင်ငံ ဗျူနိုအေးရိစ်မြို့မှာ မက်ဆီကိုဂုဏ်ပြုထားတဲ့ မက်ဆီရဲ့ရုပ်တုဟာ ဒုတိယအကြိမ်မြောက်အဖြစ်ဖျက်ဆီးခံခဲ့ရတယ်လို့သိရပါတယ်။ဒီရုပ်တုကိုခြေထောက်တွေဖျက်ပြီးလှဲချခံခဲ့ရတယ်လို့အာဂျင်တီးနားမီဒီယာတွေမှာဖော်ပြခဲ့ပါတယ်။

ဒီရုပ်တုဟာပြီးခဲ့တဲ့ ဇန်န၀ါရီလကလည်းဖျက်ဆီးခံခဲ့ရသေးလို့ ပြန်လည်ပြင်ဆင်ပြီးထားရှိခဲ့တာပါ။မက်ဆီရဲ့ရုပ်တုကို အာဂျင်တီးနားနာမည်ကျော်အားကစားသမားတွေရဲ့ရုပ်တုတွေထားရှိတဲ့ဗျူနိုအေးရိစ်မြို့ကရီယိုဒီလာပလာတာမြစ်ကမ်းဘေးမှာထားရှိတာဖြစ်ပါတယ်။

ရဲတပ်ဖွဲ့ကတော့ဖျက်ဆီးခဲ့သူကိုလိုက်လံစုံစမ်းနေပေမယ့်အခုထိတော့ ဘာမှထုတ်ပြန်နိုင်ခြင်းမရှိသေးပါဘူး။

Mocha

#sport.thithtoolwin.com

Ref: goal
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment