Powered by Blogger.

ပေါ့ဂ်ဘာရဲ့ အနီကတ်အတွက် အယူခံဝင်တော့မှာမဟုတ်တဲ့ မန်ယူအသင်း


မန်ချက်စတာယူနိုက်တက်အသင်းဟာ အာဆင်နယ်အသင်းနဲ့ ပွဲမှာအနီကတ်ပြထုတ်ပယ်ခံရတဲ့ အသင်းရဲ့အဓိကကွင်းလယ်လူပေါ့ဂ်ဘာအတွက်အယူခံဝင်တော့မှာမဟုတ်တော့ဘူးလို့ဆုံးဖြတ်လိုက်တယ်လို့သိရပါတယ်။

ယူနိုက်တက်ကွင်းလယ်လူပေါ့ဂ်ဘာဟာ အာဆင်နယ်ကို ၃-၁ နဲ့နိုင်တဲ့ပွဲမှာ ပြိုင်ဘက်နောက်ခံလူ ဘယ်လာရင်ကိုတက်နင်းခဲ့တဲ့အတွက် တိုက်ရိုက်အနီကတ်ပြထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ်။

ပေါ့ဂ်ဘာဟာ ၃ ပွဲပယ်ပြစ်ဒဏ်ကျခံရမှာဖြစ်ပါတယ်။မန်ယူအနေနဲ့အယူခံဝင်လို့ရှုံးခဲ့ရင် ပေါ့ဂ်ဘာဟာနောက်ထပ်ပွဲပယ်ပြစ်ဒဏ်ထပ်မံကျခံရဖွယ်ရှိနေလို့အယူခံမ၀င်ဖို့ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

 ဒါကြောင့်ပေါ့ဂ်ဘာ ယူနိုက်တက်အသင်းရဲ့ ဒီဇင်ဘာပွဲကျပ်တွေဖြစ်တဲ့ မန်စီးတီး၊၀က်စ်ဘရွမ်း၊ဘုန်းမောက်တို့နဲ့ပွဲတွေကိုလွဲချော်တော့မှာဖြစ်တယ်လို့သိရပါတယ်။

Mocha

#sport.thithtoolwin.com

 Ref: bbc
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment