Powered by Blogger.

ဘာစီလိုနာအသင်းရဲ့ လေ့ကျင့်ရေး အစီစဉ်တွေမှာ ပြန်လည်ပါဝင်တော့မယ့် ဒမ်ဘီလီ


ဘာစီလိုနာအသင်းရဲ့ တောင်ပံကစားသမား ဒမ်ဘီလီကဟာတံကောက်ကြောဒဏ်ရာကနေအပြည့်အ၀သက်သာလာပြီဖြစ်လို့ လာမယ့်သီတင်းနှစ်ပတ်အတွင်းလေ့ကျင့်ခန်းတွေပြန်လုပ်တော့မယ်လို့ထုတ်ပြောဆိုလိုက်ပါတယ်။ဒေါ့မွန်ကနေပေါင် ၉၆ သန်းနဲ့ရောက်ရှိလာတဲ့ဒမ်ဘီလီဟာ စက်တင်ဘာလအတွင်းကတံကောက်ကြောဒဏ်ရာရခဲ့ပြီးအနားယူခဲ့ရသူဖြစ်ပါတယ်။

ပြင်သစ်သတင်းငှာနတစ်ခုနဲ့တွေ့ဆုံရာမှာဒမ်ဘီလီက နှစ်ပတ်အတွင်းမှာအသင်းနဲ့အတူလေ့ကျင့်ခန်းပြန်ဆင်းမှာဖြစ်ပြီး ဒဏ်ရာပျောက်ကင်းပြီးကာစဖြစ်လို့ အခက်အခဲတွေရင်ဆိုင်ရမယ်လို့ထင်မိကြောင်းပြောကြားသွားပါတယ်။

သူပြန်ကောင်းလာတာဟာနည်းပြ ဗယ်ဗာဒီအတွက်ရွေးချယ်စရာပိုများသွားစေပေမယ့် သူမပါဘဲနဲ့ဘာစီလိုနာဟာရှုံးပွဲမရှိဘဲလာလီဂါမှာထိပ်ဆုံးကနေဦးဆောင်နေတာဖြစ်တယ်လို့ပြောဆိုသွားခဲ့ပါတယ်။

Mocha

#sport.thithtoolwin.com

Ref:daily mail

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment