ဘရိုက်တန်အသင်းနဲ့ပွဲစဉ်က အပြုမူကြောင့်ပွဲပ်ါခံရတော့မယ့် လူကာကူ
မန်ယူ အသင်း တိုက်စစ်မှူး လူကာကူဟာ ၃ ပွဲပယ်ခံရမယ့် အရေးနှင့် ရင်ဆိုင်နေရကြောင်း သိရပါတယ်။ အဆိုပါ တိုက်စစ်မှူး ဖြစ်သူဟာ ပြီးခဲ့တဲ့ ဘရိုက်တန် အသင်းနှင့် အိမ်ကွင်း ပွဲစဉ်မှာ ပြိုင်ဘက် အသင်း ကစားသမား ဖြစ်သူ နောက်ခံလူ ဂေတန်ဘောင်းကို မတော်တဆ ကန်မိခဲ့တဲ့ ဗီဒီယို မှတ်တမ်း ထွက်ပေါ်လာ မှုကြောင့် ပွဲပယ်ခံရမယ့် အနေအထား ဖြစ်နေပါတယ်။
အဆိုပါပွဲစဉ်မှာ မန်ယူ အသင်းဟာ ဘရိုက်တန် နောက်ခံလူ လူးဝစ်ဒန့်ရဲ့ ကိုယ့်ဂိုးကိုယ် သွင်းယူခဲ့တဲ့ ဂိုးဖြင့် အနိုင်ရခဲ့တာ ဖြစ်ပြီး လူကာကူ ဖြစ်ရပ်ကတော့ ယင်းဂိုးမတိုင်မီ ပွဲချိန် ၆၆ မိနစ်မှာ ဖြစ်ပွားခဲ့တာ ဖြစ်ကြောင်းလည်း သိရပါတယ်။
ယင်းဖြစ်ရပ်ကို ဘယ်သူမှ သတိမထားမိခဲ့ပေမယ့် ဗီဒီယို မှတ်တမ်းမှာတော့ ပါဝင်လာခဲ့လို့ လူကာကူ အတွက်တော့ အခက်တွေ့နေရပါပြီ။ FA ကတော့ ယင်းနှင့် ပတ်သက်ပြီး ပွဲကို တာဝန်ယူ ကိုင်တွယ်ခဲ့တဲ့ ဒိုင်လူကြီး နေးလ်ဆွာဘရစ်ရဲ့ အစီရင်ခံစာနှင့် အတူ ဖြစ်ရပ်ကို စစ်ဆေးမှာ ဖြစ်ပြီး လူကာကူသာ ပွဲပယ်ခံရပါက ၀က်ဖို့်ဒ်၊ အာဆင်နယ် အပြင် လာမယ့် မန်ချက်စတာဒါဘီ ပွဲစဉ်တွေကိုပါ လွဲချော်ရမှာလည်း ဖြစ်ကြောင်း သိရပါတယ်။
Mocha
#thithtoolwinsports
Ref:bbc
0 comments :
Post a Comment