Powered by Blogger.

ဂျူဗင်တပ် အသင်းနှင့် အပြောင်းအရွှေ့ သဘောတူညီမှု ရရှိခဲ့တဲ့ အမ်မရီကန်




လီဗာပူးလ် အသင်း ကွင်းလယ်လူ အမ်မရီကန်ဟာ ဂျူဗင်တပ် အသင်းကို လာမယ့် နွေရာသီမှာ ပြောင်းရွှေ့ဖို့ အတွက် သဘောတူညီမှု ရရှိကြောင်း သတင်းထွက်နေပါတယ်။ 

လက်ရှိ အနေအထားအရ အဆိုပါ ဂျာမနီ ကစားသမား ဖြစ်သူဟာ လီဗာပူးလ် အသင်းနှင့် စာချုပ်ကုန်ဆုံးတော့မှာ ဖြစ်ပြီး ဂျူဗင်တပ် အသင်းနှင့် မန်စီးတီး အသင်း အပါအ၀င် ဥရောပ အသင်း အတော်များများရဲ့ စိတ်ဝင်စားခြင်းကို ခံနေရသူ ဖြစ်ပါတယ်။ 

အီတလီ သတင်း မီဒီယာတွေကတော့ ဂျူဗင်တပ် အသင်း အနေဖြင့် အမ်မရီကန်ကို ခေါ်ယူဖို့ အတွက်ကို ကြိုးစားနေပြီး လာမယ့် ဇန်န၀ါရီမှာ အရ ခေါ်ယူသွားဖွယ်ရှိကြောင်းလည်း ဆိုပါတယ်။ အမ်မရီကန်ဟာ ၂၀၁၄ ခုနှစ် ဇူလိုင်လမှာ လေဗာကူဆင် အသင်းကနေ ပြောင်းရွှေ့ကြေး ပေါင် ၁၀ သန်းဖြင့် လီဗာပူးလ် အသင်းကို ရောက်လာခဲ့ပြီး အသင်းမှာ အားထားနေရတဲ့ ကစားသမား တစ်ဦးလည်း ဖြစ်ပါတယ်။

Mocha:

#thithtoolwinsports

Ref:bbc
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment