Powered by Blogger.

စီရော်နယ်ဒိုရဲ့ ရုပ်ထုကိုပြတိုက်မှာထားရှိပြီး ဂုဏ်ပြုခဲ့တဲ့ရီးရဲလ်မက်ဒရစ်




ရီးရဲလ်မက်ဒရစ်အသင်းဟာတိုက်စစ်မှူးစီရော်နယ်ဒိုတစ်ယောက်ကလပ်အတွက်ဂိုးသွင်းစံချိန်တင်ခဲ့တာကိုဂုဏ်ပြုတဲ့အနေနဲ့ သူတို့ရဲ့ပြတိုက်မှာကိုယ်တစ်ပိုင်ပုံစံတူရုပ်တုကိုထားရှိခဲ့တယ်လို့သိရပါတယ်။

ဒီရုပ်တုကိုပန်းပုဆရာအန်တိုနီယိုနာဗာရိုအာတီဂါကထုလုပ်ပေးခဲ့တာဖြစ်ပါတယ်။သူဟာအရင်တုန်းက မာဒီရာကျွန်းလေဆိပ်ရှေ့မှာထားမယ့်ပုံစံကိုပြုလုပ်ပေးခဲ့သူဖြစ်ပြီးအဲဒီတုန်းကပုံစံဖော်ရာမှာ မတူညီခဲ့လို့လှောင်ပြောင်မှုတွေခံခဲ့ရပါတယ်။

ဒီတစ်ကြိမ်မှာတော့အသက်ဝင်လို့ချီးကျူးခံနေရပါတယ်။လက်ရှိအရုပ်နဲ့ပတ်သက်ပြီးတစ်ခုတည်းသောဝေဖန်စရာက သက်ရှိစီရော်နယ်ဒိုဟာလက်ရှိမှာခြေစွမ်းမပြနိုင်ဘဲရုန်းကန်နေရတာသာဖြစ်တယ်လို့လည်းမီဒီယာတွေကဖော်ပြခဲ့တယ်လို့သိရပါတယ်။

Mocha

#thithtoolwinsports

Ref:bbc
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment