Powered by Blogger.

ရလဒ်တွေဆိုးဝါးနေတဲ့ နည်းပြမွန်တဲလားကိုထုတ်ပယ်လိုက်တဲ့ အေစီမီလန်




အေစီမီလန်အသင်းဟာမနေ့ညက တိုရီနိုနဲ့အိမ်ကွင်းမှာဂိုးမရှိသရေကျပြီးတဲ့နောက်နည်းပြ မွန်တဲလားကိုရာထူးကနေထုတ်ပယ်ပြီး ကလပ်ရဲ့ဂန္ထ၀င်ဖြစ်တဲ့ ဂတ်တူဆိုကိုအစားထိုးခန့်အပ်လိုက်တယ်လို့သိရပါတယ်။

အေစီမီလန်အသင်းဟာပြီးခဲ့တဲ့နွေရာသီက ယူရိုသန်း ၂၀၀အထိသုံးစွဲပြီးကစားမားသစ်တွေဖြည့်တင်းခဲ့ပေမယ့် မွန်တဲလားဟာရလဒ်တွေကောင်းမွန်အောင်စွမ်းဆောင်ပေးနိုင်ခဲ့ခြင်းမရှိဘဲ စီးရီးအေအမှတ်ပေးဇယားမှာ အဆင့် ၇ မှာသာရပ်တည်နေတာပါ။

တိုရီနိုနဲ့အိမ်ကွင်းမှာ ဂိုးမရှိသရေကျပြီးတဲ့နောက် အေစီဟာအိမ်ကွင်းမှာ စီးရီးအေ ၄ ပွဲဆက်ဂိုးမသွင်းနိုင်ခဲ့တဲ့အဖြစ်နဲ့ရင်ဆိုင်ခဲ့ရတာပါ။ဒီလိုအိမ်ကွင်း ၄ ပွဲဆက်ဂိုးမသွင်းနိုင်တာဟာကလပ်ရဲ့သမိုင်းမှာတတိယအကြိမ်လည်းဖြစ်လို့ နောက်ဆုံးမှာမွန်တဲလားဟာသူ့ရဲ့ရာထူးကိုပေးဆပ်လိုက်ရတာဖြစ်ပါတယ်။

အေစီဟာဂတ်တူဆိုကို အမြဲတမ်းအဖြစ်ခန့်တာလား ယာယီခန့်တာလားဆိုတာကိုတော့ရှင်းလင်းစွာမသိရသေးပါဘူး။
Mocha

#thithtoolwinsports

Ref:goal
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment