Powered by Blogger.

အီတလီအကောင်းဆုံးကစားသမားဆု ဆွတ်ခူးခဲ့တဲ့ ဝါရင့်ဂိုးသမားကြီး ဘူဖွန်




အီတလီအသင်းနဲ့ ဂျုဗီတပ်အသင်းရဲ့ ၀ါရင့်ဂိုးသမားကြီးဘူဖွန်ဟာ  ၂၀၁၆-၁၇ ဘောလုံးရာသီတုန်းကဂျူဗင်တပ်အသင်းစီးရီးအေချန်ပီယံဘွဲ့ကို ၆ ကြိမ်ဆက်ဆွတ်ခူးခဲ့ရာမှာအဓိကကျခဲ့တဲ့အတွက် အီတလီဘောလုံးအဖွဲ့ချုပ်ကပေးအပ်ချီးမြင့်တဲ့ တစ်နှစ်တာအကောင်းဆုံးဆုကိုဆွတ်ခူးနိုင်ခဲ့တယ်လို့သိရပါတယ်။ဆုပေးပွဲအခမ်းအနားမှာ ပြီးခဲ့တဲ့ရာသီရဲ့တစ်နှစ်တာအကောင်းဆုံးအသင်းကိုထုတ်ပြန်ခဲ့ရာမှာ ဂျူဗင်တပ်ကဘဲလွှမ်းမိုးခဲ့ပြီး ကစားသမား ၇ဦးအထိပါဝင်ခဲ့ပါတယ်။

ဒီဆုပေးပွဲကိုအီတလီဘောလုံးအဖွဲ့ချုပ်ကကြီးမှူးကျင်းပတာဖြစ်ပြီး တစ်နှစ်တာအကောင်းဆုံးနည်းပြဆုကို နာပိုလီနည်းပြ မော်ရီဇီယိုဆာရီ၊ တစ်နှစ်တာအကောင်းဆုံးအသင်းကို
 ၄-၃-၃ ကစားကွက်နဲ့ရွေးခဲ့ရာမှာ ဂိုးသမားအဖြစ်ဘူဖွန်၊နောက်တန်းမှာ ဒန်နီအဲလ်ဗက်စ်၊ ဘိုနူချီ ၊ ကူလီဘာလီ ၊ ဆန်ဒရို ၊ အလယ်တန်းမှာ နိုင်ဂိုလန် ၊ ပီဂျာနစ် ၊ ဟမ်ဆစ် ၊ ရှေ့တန်းမှာ ဟီဂူအင် ၊ ဒိုင်ဘာလာနဲ့ မာတန်းစ် တို့ဘဲဖြစ်ပါတယ်။

Mocha

#thithtoolwinsports

Ref:ESPN
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a comment