Powered by Blogger.

ဆန်းဒါးလန်းနည်းပြအဖြစ် ခရစ္စကိုးလ်မန်းခန့်အပ်ခံရ




ဆန်းဒါးလန်းအသင်းဟာနည်းပြသစ်အဖြစ် ဝေလအသင်းနည်းပြဟောင်း ခရစ္စကိုးလ်မန်းကို ၂ နှစ်ခွဲစာချုပ်နဲ့အတည်ပြုခန့်အပ်လိုက်ပြီဖြစ်ပါတယ်။ချန်ပီယံရှစ်မှာရုန်းကန်နေရတဲ့ ဆန်းဒါးလန်းအသင်းဟာ ပြီးခဲ့တဲ့အောက်တိုဘာ ၃၁ ကဆိုင်မွန်ဂရေဆန်ကိုရာထူးကထုတ်ပယ်လိုက်ပြီးနောက် ကိုးလ်မန်းကိုနည်းပြသစ်အဖြစ်ခန့်ခဲ့တာပါ။

အသက် ၄၇ နှစ်ရှိပြီဖြစ်တဲ့ ကိုးလ်မန်းဟာ ဝေလအသင်းကို ၇ နှစ်ကြာကိုင်တွယ်ခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ယူရို ၂၀၁၆ မှာဆီမီးဖိုင်နယ်ရောက်အောင်စွမ်းဆောင်ပေးခဲ့သူပါ။သူ့လက်ထက်မှာ ဆန်းဒါးလန်းရဲ့ရုန်းကန်နေရမှုကိုအဆုံးသတ်နိုင်ဖို့မျှော်လင့်ကြောင်းကလပ်ပိုင်ရှင် အီလစ်ရှော့ကပြောပါတယ်။

Mocha

#thithtoolwinsports

Ref:daily mail
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment