Powered by Blogger.

၆ ပတ်ကြာ အနားယူရတော့မယ့် မန်စီးတီးနောက်ခံလူဂျွန်စတုန်း




လက်စတာစီးတီး အသင်းကို ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့တဲ့ အဝေးကွင်း ပွဲစဉ်မှာ နောက်ခံလူ ဂျွန်စတုန်း တံကောက်ကြော ဒဏ်ရာ ရရှိခဲ့လို့ ယင်းကြောင့် ၆ ပတ်ကြာ နားရတော့မယ်လို့ မန်စီးတီး နည်းပြ ဂွာဒီယိုလာက ဆိုပါတယ်။

 အဆိုပါ အင်္ဂလန် ခံစစ်မှူး ဖြစ်သူဟာ ယခုရာသီမှာ ပရီးမီးယားလိဂ်ရော ချန်ပီယံလိဂ်မှာပါ အသုံးဝင်နေတဲ့ နောက်ခံလူ တစ်ဦး ဖြစ်ပေမယ့် ယခုအချိန်မှာတော့ ဒီဇင်ဘာလ ၁၀ ရက်နေ့နှင့် ၁၆ ရက်နေ့တွေမှာ ကစားမယ့် မန်ယူ အသင်းနှင့် ဒါဘီ ပွဲစဉ် အပြင် စပါး အသင်းနှင့် ပွဲစဉ် အပါအ၀င် မန်စီးတီး အသင်း အတွက် လာမယ့် ၁၁ ပွဲလောက်ကို လွဲရမယ့် အနေအထား ဖြစ်နေပါတယ်။

အသက် ၂၃ နှစ် အရွယ်ရှိ စတုန်းဟာ လက်စတာစီးတီးနှင့် ပွဲစဉ်ရဲ့ ပွဲချိန် ၃၁ မိနစ်မှာ ဒဏ်ရာ ရရှိခဲ့တာ ဖြစ်ပြီး အသင်းဖော် နောက်ခံလူ မန်ဂလာနှင့် လူစားလဲခဲ့ရတာ ဖြစ်ပါတယ်။ သူဟာ ယင်းပွဲစဉ် မတိုင်မီ ဂျာမနီ၊ ဘရာဇီး အသင်းတွေနှင့် ကစားခဲ့တဲ့ ခြေစမ်းပွဲစဉ်တွေမှာ အင်္ဂလန် အသင်း အတွက်ကို ပွဲချိန်ပြည့် ကစားထားခဲ့တာဖြစ်ပါတယ်။


Mocha

#thithtoolwinsports

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment