Powered by Blogger.

အသင်း လူစာရင်းမှာ အူဘာမီရန်း ပြန်လည် ပါဝင်လာ




ယခုတစ်ပတ် အင်္ဂါနေ့ စပါး အသင်းနှင့် ကစားရမယ့် အိမ်ကွင်း ချန်ပီယံလိဂ် ပွဲစဉ် မတိုင်မီ ဒေါ့မွန် အသင်းဟာ ၎င်းတို့ တိုက်စစ်မှူး အူဘာမီရန်းကို အသင်းလူစာရင်းမှာ ပြန်လည် ပါဝင်စေခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ကစားသမား ဖြစ်သူဟာ စည်းကမ်းပိုင်း ဆိုင်ရာ အားနည်းမှုကြောင့် သောကြာနေ့က စတုဂတ် အသင်းကို ရှုံးခဲ့တဲ့ အဝေးကွင်း ဘွန်ဒက်စ်လီဂါ ပွဲစဉ် အတွက် အသင်း လူစာရင်းကနေ ချန်လှပ်ခြင်း ခံခဲ့ရသူ ဖြစ်ပါတယ်။

ဒေါ့မွန် အသင်း အတွက် စပါး အသင်းကို အိမ်ကွင်းမှာ နိုင်ကိုနိုင်ဖို့ လိုအပ်နေပြီး ယင်းပွဲစဉ်မှာတော့ တိုက်စစ်မှူး အူဘာမီရန်းကို ပြန်လည် မြင်တွေ့ရမှာ ဖြစ်ပါတယ်။ သူဟာ တနင်္လာနေ့က ဒေါ့မွန် အသင်းနှင့် အတူ လေ့ကျင့်ခန်း စတင်ဆင်းခဲ့ပြီး အသင်း အတွက် နောက် တစ်ဆင့် တက်နိုင်မယ့် မျှော်လင့်ချက် အတွက် အရေးပါနေတဲ့ စပါး အသင်းနှင့် အိမ်ကွင်း ပွဲစဉ် မှာတော့ ပွဲထွက် လူစာရင်းမှာ ပါဝင်လာဖို့ ရှိနေပါတယ်။

Mocha

#thithtoolwinsports

Ref:goal
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment